" ပန်းများပွင့်စေသူ----"
သာစေသည်လမ်း
ရင်ဝယ်တမ်း၍ ပန်းများပွင့်ဝေ
လန်းဖြာစေဟု နာပေဆုံးမ
ရှေ့ကနမူ စံပြယူလော့
လူပေါ့လူသွမ်း မဖြစ်စမ်းရည်
ချော့ကြမ်းတစ်လီ ငိုရယ် နှစ်သိမ့်
အေးစိမ့်သီတာ ကြည်ကာရွှင်ပျ
လရွှန်းပသို့ ဖေးမတွဲကူ
စိတ်မငြူလျှက် ဇမ္ဗူ ဆီမီး
ကျေးဇူးကြီးစွာ တက်ပမာ---။
ကြာလေမြည်တမ်း
ရည်မျှော်မှန်းမိ လမ်းမသိစဉ်
ထိသွန်သင်၍ ချိုချဉ်ရသာ
ကန္တာနွေဆူး မြင်ဖူးတွေ့ကြုံ
မျိုးစုံလူပေါင်း အကောင်းအဆိုး
ဝင်တိုးဆက်ဆံ လောကဓံလယ်
ကြံဆောင်လွယ်စေ ပညာမွေပေး
လေအေးတစ်မူ လေပူတစ်လှည့်
မြူစေခဲ့ပြီး
ရှေးဦးနီးနာ လက်ဗလာ---။
ဋ္ဌာနေပြည်လွမ်း
ရောက်လုလှမ်းသော် အိမ်တန်းမပြန်
ဆရာထံဝင် ကြိုရန်မြန်ပြေး
သတင်းပေးလျှင် ရင်နွေးသံချို
ပီတိပြိုလျှက် အငိုမျက်လုံး
အပြုံးမျက်နှာ ဟန်မပါကြည့်
ငါ၏တပည့် မိုက်ပေ့လူဇော်
ဘယ်နော်ဘာလုပ် ကျောပုတ်မေးမြန်း
စူးစမ်းနမ်းကာ ကျန်းမာစေတည်း
ပေးကျူးနှီးကာ မျက်မပါ----။ ။
9:24/1/9/2015