
"***ကြိုး***"
(၁)
ဒီမိန်းမပုံစံကိုသူမကြိုက်ပါ အစ်ကိုကြီးမရှိချိန်တွေ မှာ သူမအကြည့်တွေ မရိုးသားဟုသူထင်သည်... စကားပြောလျှင် မျက်စိကအငြိမ်မနေတတ်သူ့တစ်ကိုယ်လုံးကိုအ
ကဲခတ်နေတတ်သည်...
ကြည့်ရုံ နှင့်ဆို သူလည်း ဘာမှပြောချ င်ပါ
အခုတော့ အမူအယာက ဟန်ပိုလွန်းသည်ထင်မိ
၏...တစ်ခါတစ်ရံကိုယ့်ဖာသာစာကျ က်နေလျှင်
အခန်းတွင်းသို့မပြောမဆိုပဲဝင်လာတတ်၏
"ဘာကိစ္စရှိလို့ လဲမငယ်.."
"သြော် အဟင်းဟင်း ဘာမှ မဟုတ်ပါဘူး
ငါ့မောင်လေး စာကျ က်နေတာ အစ်မဘာလုပ်
ပေးရမလဲလို့"
"ရတယ် ရတယ် ဘာမှမလိုဘူး...ကျွန်တော်
လွတ်လွတ်လပ်လပ်ပဲစာကျ က်ချ င်တယ်"
"ဟယ်တော့ ကိုယ့်အစ်မကိုနှင်ထုတ်တယ်
ပေါ့ အစ်မက မောင်လေးအတွက် သံပုရာရည်
ဖျော်ပေးမလို့ပါ"
"မသောက်ချ င်ဘူး အပြင်ထွက်ပေးပါ မငယ်
စာမေးပွဲအရေးကြီးတယ် ဒီအစမ်းစစ်စာမေးပွဲပြီး
ရင်...ဆယ်တန်းစာမေးပွဲကြီးကဖြေရတော့မှာ"
"အေးပါ အေးပါ မောင်လေးစိတ်ချမ်းသာရင်
အစ်မဘာပဲလုပ်ပေးရပေးရပါ..ကဲ သွားပြီ"
သူ့ကို ပြုံးစစကြည့်ရင်းခန္ဓာကိုယ်ကိုတမင်
လှုပ်ယမ်းခါထွက်သွားပုံကိုကြည့်ကာသူသက်ပြင်း
ချ မိသည်...
ဟင်း....ငါ့အစ်ကိုလည်းဘယ်လိုမိန်းမမျိုးကို
မျက်စိမှောက်ပြီးတော့ယူခဲ့သလဲမသိပါဘူး...
မိဘများမရှိတော့သည့်နောက်ပိုင်းတွင်အဒေါ်
ကသူတို့ညီအစ်ကိုနှစ်ယောက်ကိုသားအရင်းနှင့်မ
ခြားကျွေးမွေးပြု စုစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်
သူတို့အဒေါ်အပျိုကြီးမှာ သူတို့အပေါ်အလွန်
ချစ်ရှာကာ အနွံတာခံ ဖြည့်ဆည်းခဲ့သော်လည်း
သွေးတိုးရောဂါဖြင့်ပင်မမျှော်လင့်ဘဲအစောကြီး
ဆုံးပါးသွားရသည် ..
ယခု တော့ သူ့အစ်ကိုလည်းမိန်းမရပြီ...
သူလည်းဆယ်တန်း ထိရောက်ခဲ့ပြီဖြစ်သည်
သို့သော် သူကတော့ ယခုချိန်ထိသူ့အစ်ကို
ယူခဲ့သည်မိန်းမ၏အမူအရာအားနည်းနည်းလေးမှသဘောမကျ ပါ...
ခင်တွယ်စရာဟူ၍လည်းသည်ညီအစ်ကိုနှစ်
ယောက်သာရှိသဖြင့်သူ့အစ်ကိုအပေါ်စိုးရိမ်မကင်း
ဖြစ်မိတာအမှန်ပင်....။သို့ရာတွင် ဂဃနဏဘာမှ
မသိဘဲသူတစ်ပါးအားလည်းမစွပ်စွဲချင်ပါ..
ရပ်ကွက်ထဲတွင်သူကြားရသောစကားများကတော့
အစုံအလင်ပင်.ဖြစ်သည်.အစ်ကိုကြီးအိမ်ထောင်ကျ ခါစကဆိုလျှင် မထင်မှတ်သောစကားတစ်ချို့ 
သည် သူ့ရင်ကိုဆူဝေစေ၏
"ဟဲ့အောင်သွေး နင့်အစ်ကို မိန်းမခိုး
လာတယ်ဆို"
"ဟုတ်"
"ဘယ်ကလဲ ကောင်မလေးက"
"ငပုတောကလို့ပြောတာပဲ"
"ဒီနားလာဦးငါပြောပြမယ် နင်သိရင်နင့်စိတ်
ထဲမှာထားနော် ငါ့တူတစ်ယောက်ပြောတာက
နင့်အစ်ကိုယူတဲ့မိန်းကလေးကို မန္တလေးမှာသူတွေ့
ဖူးတယ်တဲ့"
"ဟာ အဲဒါများအထူးအဆန်းလုပ်လို့ဒေါ်လေးကလဲ"
"မဟုတ်သေးဘူးဟဲ့ သူတို့တွေ့တာက
အနှိပ်ခန်းမှာတွေ့တာတဲ့ "
"ဗျာ"
"အေးဟုတ်တယ် ငါ့တူကကားမောင်းတော့
သူ့သူဋ္ဌေးသွားရာလိုက်ရတာ အဲ့ဒီကောင်မလေး
ကိုသူသေသေချာ ချာ မြင်ဖူးတယ်တဲ့"
ထိုစဉ်ကသူ ခုနစ်တန်းတက်ခါစပင်ရှိသေး
သည်မို့ဘာမှတော့ရေရေရာရာမတွေးတော
နားမလည်နိုင်ခဲ့ပါ
"ရုပ်ချင်းဆင်တာဖြစ်မှာပါဒေါ်လေးရာ
ဒါပဲ ကျနော်သွားပြီ ...အန်တီလေးကအမြန်ပြန်
လာခိုင်းတာ "
အစ်ကို အောင်ထွေး အိမ်ထောင်ကျ ခါစက
သူအဒေါ်အပျိုကြီးလည်းမဆုံးပါးသေးပေ..
သူရှစ်တန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှ
ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်....
အဒေါ်သာအခုချိန်ထိရှိသေးလျှင် ကောင်းမည်
ဟုသူတွေးမိသည် သို့သော် သေခြင်းတရား
ဆိုသည်မှာ မျက်နှာမလိုက်တတ်သည်မဟုတ်ပါ
လား...သတိရ တမ်းတရုံမှတစ်ပါးကိုယ့်အနား
ဆွဲခေါ်ထား၍ရသည်မဟုတ် သုံးရက်ဆိုလျှင်ပုပ်
သည်သာ.....
စာအုပ်ကိုလက်မှချ ရင်း သူနွမ်းလျ စွာ
သက်ပြင်းချ မိသည်..
"ဟူး......"
+ + + +
"ဒုန်း ခလွမ်း"
"ထိလေ ရှင်ကျမ အသားကိုထိရဲထိကြည့်
လေ"
"မင်းဟာ ကျေးဇူးလုံးဝမသိတတ်တဲ့မိန်းမ
ပျက်ပဲ"
"မိန်းမပျက်မှန်းသိရက် နဲ့ရှင်ဘာလို့ယူခဲ့လဲ"
"အေးပါ ငါမှားတာပါ ငါမှားတာ
ငါကိုကစာနာစိတ်ထားမိတာမှားတာ မင်းဘဝကို
ကယ်တင်မိတာမှားတာ မျက်ရည်လည်ရွှဲနဲ့မင်း
ပြောတဲ့စကားတွေကို ယုံစားမိတာမှားတာ
ငါအခုတော့သိပါပြီ လူတစ်ယောက်မှာဗီဇစိတ်
ဟာအရေးကြီးဆုံးဆိုတာ..."
"ရှင်က အခုတော့အကုန်ဖော်ပြီပေါ့ဟုတ်လား
အဟင်းဟင်း ရတယ်လေ ကျ မလည်း မကွယ်
ဝှက်တော့ဘူး ဟုတ်တယ်ရှင်ထင်တာအမှန်ပဲ
ကျ မဖောက်ပြန်တယ် မကျေ နပ်ရင်ပိုင်ဆိုင်မှု
တစ်ဝက်ခွဲပြီးကွာရှင်းလိုက် "
"ဘာတစ်ခုမှမပေးနိုင်ဘူး သင်ဇာ မင်းအစ
တုန်းကဘယ်လိုဘဝကလာသလဲစဉ်းစားပါ
လူတစ်ယောက်ရဲ့မေတ္တာတရားကိုမင်းစော်ကား
တာလွန်သွားပြီ မင်းကိုသတ်လည်းခွေးကိုသတ်
သလိုဖြစ်မှာပဲ "
"....,,,,"
"......."
အစ်ကိုတို့လင်မယားစကားများရန်ဖြစ်နေကြ
ခြင်းဖြစ်သည်..သူအကြီးအကျယ်စိတ်ညစ်သွားမိ
သည်....
အိမ်ပေါ်တက်လျှင်ကောင်းမလား မသိချင်
ယောင်ဆောင်သွားလျှင်ကောင်းမလား သူတွေဝေနေမိသည်.
ပြဿ နာကမည်မျှထိပြင်းထန်သည်တော့
မသိ ပတ်ဝန်ကျင်တစ်ခုလုံးဆူညံနေလေသည်
သွားပြီ....သူငြင်းပယ်ထားခဲ့သောစကားလုံးများ
သည် ယခုအခါလုံးဝ ငြင်းပယ်လို့မရအောင်
အကျူံးဝင်သွားခဲ့ဖြစ်သည်....
အစ်ကိုယူခဲ့သောမိန်းမသည် KTVတွင်
သီချင်းသီဆိုသော အနှိပ်သမ လေးဖြစ်နေသည်
သူ့အစ်ကိုမည်မျှ ရိုးသားသည်ကိုသူသာသိပါသည်
ပထမဆုံးအကြိမ် ထိုနေရာသို့ရောက်ဖူးခဲ့
ကြောင်းသူ့ကိုဝန်ခံဖူးသည်...အစ်ကို သည်အလွန်သနားတတ်လွန်းအားနာတတ်လွန်းသူလည်းဖြစ်သည်... မသင်ဇာကိုသူအမှန်တ
ကယ်ချစ်မိ၍ ယူခဲ့ခြင်းလည်းဖြစ်လိမ့်မည်
သို့သော်...
လွဲချော် မှုတို့ဆိုက်ဆိုက်မြို က်မြို က်ရောက်ရှိလာ
သောအခါ အချစ်သည် အရေးမပါတော့...
တန်ဖိုးမရှိတော့...အစ်ကို့ကိုသူလွန်စွာသနားမိ
သည်...အစ်ကိုသည် ဒေါသထွက်နေသော်လည်း
မျက်ရည်တို့ဝေ့သီလျှက်ရှိ၏
ယောကျာ်းတစ်ထောင်တွင်တစ်ယောက်မလုပ်
ရဲသောအလုပ်ကိုသူလုပ်ခဲ့ခြင်းဖြစ်သည်...
ယောက်ျားများ၏သဘာဝသည် ဘာမဆိုကိုယ်သာ
ညစ်နွမ်းလျှင်ညစ်နွမ်းမည် ခူးလိုသောပန်းကို
အဖြူ စင်ဆုံးဖြစ်လိုမြဲ ..ကိုယ်သာ ထည်လွဲတွဲ
ချင်တွဲ မည် ..ကိုယ့်အချစ်ဆုံးအသည်းတုံး၏
အဦးဆုံး ဖြစ်ချင်ကြသာ.....
ကျနော့်အစ်ကိုမှာထိုသို့မဟုတ် ....ကာမ
နွံပုပ်တွင် ဖြူ စင်စွာနစ်မြု ပ်ခဲ့သူပင်....
ချစ်၍ပေးဆပ်ခဲ့သည် အနစ်နာခံ အနွံတာခံခဲ့
သည် ခြံခုန်သောပန်းကတော့ရင်စုန်ကန်ထွက်
သွားခဲ့လေပြီ......
ဝဋ်ကြွေးဟုသာသူနံမည်တပ်ဖြစ်သည်
+ + + +
(၂)
ီ
လတ်ဆတ်သောလေနုအေး၏အရသာကို
ခံစားရင်းတောသဘာဝကိုသူငေးမော လွမ်းမိသည်
"ဘယ်လိုလဲ သားကြီးမင်းပျော်ရဲ့လား"
"အင်း ..မင်းတို့ရွာကတော်တော်သာယာတာ
ပဲ"
"သာယာဆို ရွာနံမည်ကိုလည်းကြည့်ဦးလေ
ငါ့ကောင်ရ"
"ဟုတ်ပ နံမည်နဲ့လိုက်ပါ့ကွာ ရွာသာယာဆို
တဲ့အတိုင်းသာယာလွန်း ပါရဲ့"
ငထွန်းဇော် ဟုကျ နော်ခေါ်သော သူငယ်ချင်း
တစ်ယောက် ၏ရွာသို့စိတ်ပြေလက်ပျောက်
အလည်လိုက်လာခဲ့ခြင်းဖြစ်သည်..။
ငထွန်းကချောင်းရိုးအတိုင်းလှေကိုလှော်
နေရင်းမှ...
"နေဦးကွ မင်းကိုငါပြစရာတစ်ခုရှိတယ်
ဒီကနေထွက်ရင်ငဝန်မြစ်ကိုရောက်ပြီ...
ငါတို့ရွာကထူးခြားတာတစ်ခုကိုမင်းကိုလိုက်ပြမယ်"
"ဘာလဲဟ"
"ရောက်ရင်သိမှာပေါ့ကွာ"
အတန်ကြာလှေလှော်ပြီးသောအခါ လေတိုက်ခတ်နှုန်းပြင်းထန်လာသည်ကိုသူသတိ
ထားမိသည်..
"ဟရောင် ငထွန်း မုန်တိုင်းတိုက်တော့မလား
မသိဘူး လေတွေအရမ်းတိုက်လာပြီကွ ငါ
ရေမကူးတတ်ဘူးနော်..."
ကျနော် အကြောက်အကန်ဖြင့် လေနံနှစ်ဖက်
အားကျစ်ကျစ်ပါအောင်ဖိဆုပ်ထားပုံကိုကြည့်ကာ
ငထွန်းကအားရပါးရယ်မောသည်
"ဟားဟားဟား ရန်ကုန်သားကလည်းကြောက်
လိုက်တာလွန်ရောကွာ မြစ်ဝရောက်ခါနီးလို့
လေတိုက်ကြမ်းလာတာကွ မကြောက်စမ်းပါနဲ့
ရှေ့ မှာရောက်ပြီ.."
ရုတ်တရက်ဘွားခနဲမြင်ရသော မြစ်ပြင်ကျယ်
ရေဖွေးဖွေးသည် ကြောက်စိတ်တွေလွင့်ပြယ်သွား
မတတ် သူ့ရင်ကိုအေးမြသွားစေသည်...
"ဟားး...လှလိုက်တာကွာ ကြည့်စမ်း"
"ငှဲ ငှဲ ငှဲ ဒီလိုပဲ ဖြစ်ရမယ်လေ "
ငထွန်းက သဘောကျ စွာပြုံးရင်း လှော်တက်
ကိုလှေဝမ်းအတွင်းသို့ပစ်ချ လိုက်သည်
"ဟကောင့် ဆက်လှော်လေဟ လှေမျော
သွားတော့မယ်"
"မျောပါစေပေါ့ဟ မျော စေချင်လို့မလှော်
တော့တာပဲဟာ ဘယ်သင်္ဘောမှ
တိုက်စရာမရှိဘူး အေးဆေးပဲ ခ်ခ်"
"ထူးခြားတာပြမယ်ဆိုဘယ်မှလဲ "
"ဟိုဘက်မှာကြည့်လိုက်လေ"
"ဟာ ကျွန်းကြီး....."
"ဟားဟား ဟား သဘောကျ သွားပြီလား"
သူ့တစ်သက်တာတွင်ပထမဆုံးကျွန်းဆိုသည်ကို
လက်တွေ့မြင်ဖူးချင်ဖြစ်သည်.... ထန်းပင်များ
ကက္ကို ပင်များ အုန်းပင်များ အပွင့်ဖြူ များအဆုပ်
လိုက်ပွင့်နေသောအပင်များ စုံလို့ပင်...။
"ငါတို့ရှစ်တန်းပထဝီမှာသင်ရတဲ့မြစ်ကျိုးအင်း
ဆိုတာဒါပေါ့ကွ တဖြည်းဖြည်းကျွန်းဖြစ်လာတာ
အစကဆိုဒီထက်ကြီးတယ် မြစ်လယ်လောက်
အထိရှိတာ မြေတွေ တဖြည်းဖြည်းရေတိုက်စား
လို့ဒီလောက်ပဲကျန်တော့တာ "
"ဘာပဲပြောပြော လှတယ်ကွာ"
ငထွန်းကလှော်တက်ကိုပြန်ကိုင်ပြီး လှေကို
ကျွန်းနားတွင်ကပ်သည်
"ရပြီ ဟကောင်ဆင်းတော့"
"ချော် ချ မှာစိုးလို့ဟ"
"ကျ လည်းမသေပါဘူး ဒီနားမှာ ရေကမင်း
ဒူးဆစ် ပဲရှိတယ် ရဲရဲဆင်း"
+ + + +
"ဝိုးးးးးပျော်စရာကြီးကွာ ကျေးဇူးတင်တယ်
သူငယ်ချင်း.."
ကျနော် လွတ်လပ်စွာအော်ဟစ်နေပုံကို
ကြည့်ကာ ငထွန်းက ကွမ်းချေးတက်နေသော
သွားများပေါ်အောင်ပြုံးပါသည်
မြစ်ပြင်ကျယ်အားဖြတ်သန်းပြေးလွှားလာ
သောလေထုသည်ကျနော့်အတွက်ပူပန်စိတ်ညစ်
မှုများကိုတဒင်္ဂပြေပျောက်စေ၍ ငထွန်းကိုကျေး
ဇူးတင်မိသည်...
ယခုချိန်ဆို အစ်ကိုတစ်ယောက်အိမ်မှာ
ဘာတွေလုပ်လိမ့်မည်မသိ...
အလုပ်ရုံသို့မသွားမှာတော့သေချာသည်
အရင်လိုပဲ မတည့်သောအရက်တွေသောက်ပြီး
စွေနေမည်လားမပြောတတ်...
စာမေးပွဲပြီးပြီဖြစ်၍ သူငယ်ချင်းဆီသွား
မည်ဆိုတော့ ကျနော့်ကိုပူပန်ကာတားရှာသေး
သည် ခေါင်းမာလွန်းသောကျနော့်ကိုအားမတန်
၍သာခွင့်ပြု လိုက်ရခြင်းဖြစ်သည်
"တားမရလည်း သွားပေါ့ကွာ မင်းလည်း
မငယ်တော့ပါဘူးဒါပေမယ့်မြစ်ထဲမှာတော့
ရေမချိုးနဲ့နေတကာမလိုက်နဲ့ကိုယ်မသိတဲ့နေရာမှာ
သူစိမ်းတွေနဲ့တည့်အောင်နေ ကြားလား"
"ဟုတ်ကဲ့ပါ ကိုကြီးရ "
"အေး မင်းစိတ်ထဲမှာ သည်ညီအစ်ကိုပဲ
အားကိုးစရာရှိတယ် သိရင် ကိုယ့်ကိုယ်ကိုဂရုစိုက်
ပေါ့ကွာ မင်းတစ်ခုခုဖြစ်ရင် အဖေနဲ့အမေအပေါ်
ငါ တာဝန်မကျေ သလို ဖြစ်မှာပဲ"
"စိတ်ချ ပါကို ကြီးရာ ညီ တစ်လလောက်ပဲ
နေပြီးပြန်လာခဲ့မှာပါ"
"အေး ပါ မင်းသူငယ်ချင်းမိဘတွေကြည်ဖြူ
ရင်ပြီးတာပဲ"
+ + + + + +
"အောင်သွေး ... အောင်သွေး"
"ဟင်..."
"ဘာတွေစဉ်းစားနေတာလဲငါ့ကောင်ရာ
ခေါ်မကြားအော်မကြားနဲ့..."
"ဘာလဲဟ '
'ထန်းရည်သွားသောက်မယ် လို့ငါပြောနေ
တာ"
"အာ မသောက်ပါဘူး ထန်ရည်ဆိုတာမူး
ယစ်စေတတ်သော အရာပဲ"
"လခွီး ....အခုမှပညာရှိသုခမိန်နဲ့လာ
တွေ့နေတယ် ထန်းရည်ဆိုတာအရက်မဟုတ်
ဘူးကွ"
"အဲ့ဒါဆိုဘာလဲ"
"သဘာဝ နတ်သုဒ္ဓါရည်......"
"လာစမ်းပါ ကွာ မိန်းကလေးတွေတောင်
သောက်နေတာမင်းကအခြောက်ကြီးကျနေတာပဲ"
ကျနော့်မှာအစ်ကို့အကြောင်းပင်ကောင်း
ကောင်းစဉ်းစားချိန်မရလိုက်..ငထွန်းဆွဲခေါ်ရာ
လိုက်ပါရတော့သည်
သကောင့်သားကဘယ်ကတည်းကသောက်
ချင်နေသည်မသိ ခြေလှမ်းသွက်လွန်းသဖြင့်
မနည်းမှီအောင်လိုက်ရသည်
တော် သေးသည် ကျွန်းပေါ်မှာဖြစ်၍ ခပ်ဝေး
ဝေးသွားစရာမလို ..ထန်းပင်ဆယ့်လေးငါးပင်စု
ဝေးနေသောနေရာ(လှေပေါ်မှလှမ်းမြင်တွေ့ခဲ့
ရသောထန်းတောကလေး)အရောက်တွင်
ကျနော်တို့ရွယ်တူ မိန်းကလေးယောက်ျားလေး
များစွာကိုတွေ့လိုက်ရသည်
"ဟေးးးးးး ငထွန်း လာပြီ ဒကာပေါ်ပြီဟ"
"ဦးကြွက်နီရေ...နောက်ထပ် နှစ်မြူ ထပ်ချဗျို့"
"ကောင်လေးတွေမင်းတို့သိပ်မသောက်ကြနဲ့
နော် မင်းတို့မိဘတွေ ငါထန်းတဲမီးလာရှို့နေဦးမယ်
စာမေးပွဲ ဖြေပြီးကာစမို့ ခွင့်ပြု ထားတာ သိပ်တော့
အပျော်မလွန်ကြနဲ့ဦ့း"
"အာ ဒီ ဘဲကြီး သောက်စကားအရမ်းများ
တယ်ကွာ ကိုယ့်ဟာကိုယ်ထယူကွာ"
"ဟေ့ကောင် မင်းသူငယ်ချင်းတွေကမလွယ်ပါ
လား တကယ်ချ မယ့်ပုံပဲ ဟိုကကြားသွားမှဖြင့်"
ကျနော်စိုးရိမ်စွာပြောမိလျှင် အားလုံးကသ
ဘောကျ စွာရယ်မောကြသည်
"ဟား ဟား ဟား"
"ဘာလဲဟ ငါပြောတာဘာမှားလို့လဲ"
"စိတ်မပူပါနဲ့ မင်းထဆဲလည်း သူကအပြစ်မ
ယူပါဘူး ဦးကြွက်နီက နားလေးတယ် ဟိဟိ "
"တိန်......"
+ + + +
်
(၃)
"ရွှေအိုးစည် (လွယ်သလေးလေး)2
( လိမ်ဖယ်ဖယ် တီးပါ့မောင်ရယ်)2 (လိမ်ဖယ်ဖယ်
တီးပါလို့မောင့်လက်သီးကို လက်သီးကို)2
အလိုဗျာ...."
ဂျိမ်းဂျိမ်းဂွပ်ဂွပ် ဗုံဒိုးဗတ်သံမြည်ဟီးကာ
ရှင်လောင်းလှည့်ပွဲမှာစည်ကားလှ၏
"ရန်ကုန်မှာအဲ့လိုရှင်လောင်းလှည့်လား
သားကြီး"
"ဟင့်အင်း ငါတော့မတွေ့ဖူးဘူး"
ငထွန်းအမေးကို တိုတိုတုတ်တုတ်ပင်ကျနော်
ဖြေမိသည်... ဟုတ်သည် သည်လို အိုးစည်ဒိုး
ဗတ်တွေနှင့်ကွေးနေအောင်က ခါ မြူးကြွမြို င်ဆိုင်
စွာ မောင်ရင်လောင်းအား မြင်းဖြင့်လှည့်သည့်
မြင်ကွင်းမျိုး ဦးဖိုးကျားရေးသောဝတ္ထု ထဲတွင်သာ
ကျနော်ဖတ်ဖူးသည် အပြင်မှာမူ ယခုမှတွေ့ဖူးခြင်း
ဖြစ်သည်..
ဘာရယ်မသိ အမျိုးအမည်မသိ သောကြည်နူး
ဆွတ်ပျံ့ ခြင်းအားခံစားမိ၏ ဝမ်းနည်းသလိုလို
ပျော်သလိုလို...."ဟင်..."
ရုတ်တရက် သူ့နှလုံးသားမှဒိတ်ခနဲဖြစ်သွား
သည်ကိုသတိပြု မိသည် ငါဘာဖြစ်တာပါလိမ့်
ဝေဒနာ အဖြေရှာ ကြည့်လိုက်တော့ အသေအချာလှသောနတ်မိမယ်လေးတစ်ပါး
ကြောင့်ဟုကျနော် သိရသည်...
"ငထွန်း ငထွန်း ငါ့ကိုလုပ်ဦး"
ကျနော့်ခေါ်သံကြောင့်ငထွန်းကပြာပြာသလဲလဲ
ပြေးလာသည်
"ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ မင်းဘယ်သူ
ထိုးသွားလို့လဲ"
"ဟို ကောင်မလေး..."
"အွမ်.."
ဂိန်ဟုမအော်တာတော်သေးသည်ဟုပြော
ရမည်..ငထွန်းကြောင်တောင်တောင် ဖြစ်သွားပုံ
ကိုကြည့်ကာကျနော်ရယ်ချင်သွားသည်
"ဒီလိုကွာ ငါဟတ်ထိသွားတာ "
"အမ် "
ငထွန်းမျက်လုံးမှာပြူးသထက်ပြူးလာလေသည်
"ငါ့ကောင် မင်းဦးနှောက်ရောကောင်းပါသေး
တယ်နော်"
"နင့်အမေကလွှား ကောင်းပါတယ်ဟ
ဟိုမှာကြည့်စမ်းကွာ လက်ထဲမှာကေသီပန်ကြော်
ငြာထဲကပန်းဖြူ ကိုင်တဲ့ဟာကြီးကိုင်ထားတဲ့
အကျီင်္ အဝါ နဲ့ကောင်မလေး လေ တွေ့လား"
"ကွမ်းတောင်ကိုင် တဲ့ ခေတ္တာ ဖူး ကိုပြော
တာလား"
"ဘယ်လို ဘယ်လိုသေတ္တာဗူးဟုတ်လား" "ခေတ္တာဖူး ပါ ဟ ခေတ္တာဖူးပါ အရေးထဲနှာဘူး
ကတစ်မှောင့်"
"နှာဘူး ပြော ပြော တဏှာ ရူးပြောပြော
ငါတော့အဲ့ဒီအဖူးလေးကိုစွဲလမ်းသွားပြီကွာ"
ငထွန်းက လေတစ်ခြမ်းဖြတ်သူလိုနူတ်ခမ်း
ကြီးရွဲ့ပြသည်
"အဲ့ဒီမှာရောဂါစတာပဲ"
ဘယ်လိုပဲဖြစ်ဖြစ် ရွာသာယာမှရှင်လောင်း
လှည့်ပွဲအပြီး တွင်သူလည်း တစ်စုံတစ်ယောက်
ကိုလွမ်းရသောအလုပ်တစ်ခုပိုလာသည်
'လွမ်းလိုက်တာ သေတ္တာ ဗူး အဲလေ
ခေတ္တာဖူးလေးရယ်..."
+ + + + +
(တစ်လခန့်ကြာပြီးနောက်)
"မောင်"
"ဟင်"
"ကျ မက သေတ္တာဗူး အဲလေ ခေတ္တာဖူးပါမောင်)
"သိတယ်လေ အာ့ဘာဖြစ်လို့လဲ"
"ခေတ္တာဖူးကို အချစ်နာစူးအာင် ပစ်ခွာပြီး
မောင် မထားသွားရဘူးနော်"
"အင်းပါ မောင်ကတိပေးပါတယ်"
" တကယ် ပြောတာနော် အာ့ဆိုကျိန်"
"ခေတ္တာဖူးကို မပစ်ခွာဘူးချစ်ပါသည်
အဟံ ကျွန်ုပ်သည် ဧတေနသစ္စဝစ္စေန
ဤမှန်သောသစ္စာစကားကြောင့်  ကြက်တက်စူး
၍သေပါစေ ဂစ်"
"ခစ်ခစ် မောင်ကရယ်စရာသိပ်ပြောတတ်တာပဲ
နော် ဗေလုဝနဲ့သားအဖ တော်သလားမသိဘူး"
"တိန်......"
ဧရာနဒီ ရေ ဇလာကြည်မှခွဲထွက်လာသော
မြစ်လက်တက်ငဝန်၏လေနုအေးသည် ချစ်သူ
နှစ်ဦးမျက်နှာပေါ်ဖြတ်ပြေးကာ ရှက်သွေးဖြာလျှက်
ရှိသည်
လှိုင်းကြက်ခွပ် ကလေးများ ပေါ်မှရေ
တံလျှပ်သည်ရွှေ အဆင်းဟပ်ကာတောက်ပလျှက်ရှိ
သည်...ချစ်သူ၏သနပ်ခါးမှုန်များမှာသူ့နှာဖျား
၏ကျီစယ်မှုကြောင့် တဖွဲဖွဲလွင့်ကြွေကျ ကုန်၏
ယုံ၍ပုံသည်မဟုတ်သော်လည်း ရင်ခုန်သံ
ကိုတော့နှစ်ဦးသားမထိန်းနိုင်ပါ....လက်တစ်ဖက်
၏ လှုပ်ရှားမှုအားလက်တစ်ဖက်ကပုတ်ထုတ်၏
အသက်ရှုသံသည် လေအဟုန်ထက်မြန်ဆန်
နေမည်ကားမလွဲ ..သူတို့ချစ်မိုးသည်းခဲ့ကြ
လေသည်
"မောင် ကွာ..."
".......... ...."
+ + + + +
+ + + + +
တစ်လကျော်သွားသော်လည်း သူညီပြန်မလာ
သေးသဖြင့် ကိုအောင်ထွေးစိတ်ပူနေမိသည်..
ရွာဆီဖုန်းဆက်ကြည့်တော့လည်းပြန်သွား
ပြီဆို၍ပိုပြီးစိတ်ပူရပြန်သည်...သူလည်းအရက်
ဖြင့်စွေကာပေတေလွင့်နေမိသဖြင့် တစ်ဦးတည်း
သာရှိသည့် ညီငယ်ကိုပင်ဂရုမစိုက် နိုင်ခဲ့...
သေချာတွေးကြည့်တော့အားလုံးသူ့အပြစ်
တွေသာဖြစ်သည် ..နုနယ်လွန်းသောညီငယ်အား
သူ့ကြောင့်ပင်ရှက်ရစေခဲ့သည် သင်ဇာ့လိုဗီဇ
မကောင်းသောမိန်းကလေးတစ်ယောက်ကိုကယ်
တင်မိသည်ကသူ့အမှားဖြစ်သည်ချစ်လွန်း၍အလိုလိုက်ကာမှအမိုက်စော်ကားခြင်းခံခဲ့ရသည်.....
ယခုတော့သူ့ညီလည်းပျောက်၍နေပေပြီ
ညီသူငယ်ချင်းငထွန်းကတော့ သူကိုယ်တိုင် လှိုင်
သာယာကားဂိတ်ထိလိုက်ပို့ခဲ့သည်ဟုဆို၏
ဒါဆိုအောင်သွေးဘယ်ကို ထွက်သွားပါသ
နည်း စဉ်းစားလေခေါင်းရှုပ်လေမို့ အရက်တွေသာ
တစ်ခွက်ပြီးတစ်ခွက်သူငှဲ့သောက်နေမိသည်
'ညီလေးရေ..မင်းဘာတွေလျှောက်လုပ်နေသလဲ
ကွာ'
+ + + +
(၄)
"အဟင့် အဟင့်"
"အမ်"
"အဟင့်"
"......."
ကိုယ့်ဟာကိုယ်စိတ်ညစ်ညစ်နှင့် လမ်းလျှောက်
လာကာမှအဟင့်အဟင့်နှင့်လာတိုးနေလေသည်
အသံလာရာကြည့်လိုက်တော့စည်ပင်အမှိုက်
ပုံးကကွယ်နေသဖြင့်မမြင်ရ ..မိန်းကလေးဆိုတာ
တော့သေချာသည်...
"အဟင့်"
မရတော့ စပ်စုလိုစိတ်ကပြင်းထန်လာသဖြင့်
အသာချောင်းကြည့်မိသည် ..မိန်းကလေးတစ်
ယောက်လမ်းဘေးတွင်ငုတ်တုတ်ထိုင်ကာ ငိုရှိုက်
နေခြင်းဖြစ်သည်ကျောခိုင်းထားသဖြင့်မျက်နှာတော့
မမြင်ရ .တောသူမဖြစ်ဟန်တူသည် နက်မှောင်
သန်စွမ်းသောဆံပင်အား ကျစ်ဆံမြီးကျစ်ကာ
ဆံမြိတ်နှစ်ဖက်ချ ထားသည်
"အဟင့်"
"ဒီမှာ.....ဒီမှာ.."
အရေးထဲမာနကကြီးနေသေးသည်
လှည့်မကြည့် ..။
"ညီမ ညီ မ "
နောက်တစ်ခါထပ်ခေါ်မှ တစ်ချက်စောင်းငဲ့
ကြည့်လေသည်. ငိုရလွန်းသဖြင့်နီရဲမို့အစ်နေ
သောမျက်လုံးများ....
"အကို က လူကောင်းပါ ဟိုလေ ညီမ
မှာဘာအခက်အခဲရှိလို့လဲ အစ်ကိုဘာကူညီရမလဲ
"
မယုံသေးဟန်ဖြင့် သူ့ကိုသေချာစိုက်ကြည့်
နေသဖြင့် သူအနေရခက်လာသည်
"ဟို အကိုကတကယ်လူကောင်းပါ ညီမ
ဒုက္ခရောက်ရင်ကူညီမလို့ပါ အိမ်မပြန်တတ်လို့
လား..ရဲစခန်းလိုက်ပို့ပေးရမလား ညီမမိဘတွေရဲ့
ဖုန်းနံပါတ်သိလား အစ်ကိုဆက်သွယ်ပေးမယ်"
သူ့ကိုအကဲခတ်လို့ဝသွား၍လားမသိ
စကားသံထွက်လာသည်
"ဟုတ်တယ် အစ်ကို ညီမ လမ်းပျောက်နေ
တာပါ "
အမလေးတော်ပါသေးရဲ့မယ်မင်းကြီးမရယ်
အသံထွက်လာလို့
"ဟာ ဒါဆို အစ်ကိုကူညီနိုင်ပါတယ်ညီမနေ
ရပ်လိပ်စာပြော.ပါ."
"ဟင့်အင်း...
ညီမ အိမ်ကိုပြန်လို့တော့မဖြစ်ဘူးအစ်ကို အဲ့ဒါကြောင့်လည်း မောင်ရှိတဲ့နေရာဆီ
အရဲစွန့် ထွက်လာခဲ့တာ"
"မောင် ဆိုတာက"
"ညီမ ချစ်သူပါ..."
"သူကဘယ်မှာနေတာလဲ"
"ရန်ကုန်မှာ"
"နောက်တော့ ...."
"ရန်ကုန် မှာ..."
"မဟုတ်သေးဘူးလေ ရန်ကုန်ဘယ်နားမှာ
နေတာလဲမေးတာ"
"အဲ့ဒါတော့ညီမလည်းမသိဘူးမရမ်းကုန်းမြို့နယ်ထဲမှာလို့တော့ထင်တယ်လိပ်စာပျောက်သွားတာခက်တယ်"
ဓာတ်တိုင်နှင့်သူပြေးဆောင့်ချင်စိတ်ပေါက်
သွားမိသည်....ဘယ်မှာနေမှန်းမသိပဲနဲ့များဘာ
လုပ်ဖို့တက်လာပါလိမ့် ဒုက္ခတော့ ရောက်တော့
မှာပဲဟုသူတွေးမိသည်
"ရန်ကုန်ဆိုတာက အကျယ်ကြီးညီမလေး
ရဲ့ မင်းက ဘယ်နေရာနေမှန်းမသိပဲနဲ့ဘယ်လို
လုပ်သွားရှာမှာလဲ....."
"ညီမလေး မသိဘူးအစ်ကို ညီမမှာ့
ရှောင်လွှဲ လို့မရတဲ့ပြ ဿ နာတစ်ခုကြောင့်မောင့်
ကိုမတွေ့မဖြစ်လို့အရဲစွန့်တက်လာခဲ့တာပါ "
တောသူအမှုတော့သူ့ပတ်တော့မည်ထင်
သည်
"အဲ့ပြသနာကဥပဒေနဲ့တော့ကင်းလွတ်ပါ
တယ်နော် ..."
"ဘာတွေလျှောက်ပြောနေတာလဲ ညီမက
မိကောင်းဖခင်သားသမီးပါ အခုကကိုယ်ရေး
ကိုယ်တာကိစ္စပါ.."
" ဘာ ကိစ္စလဲ..."
"ဟိုဒင်း ဟို အဲ့ဒါပြောလို့မထွက်ဘူး
ညီမ ကို ဘယ်လိုလုပ်ရမလဲသာ အကြံဥာဏ်
ပေးပါအစ်ကို နေ့လည်ထဲက ဘယ်မှမသွားရဲလို့
ဒီမှာထိုင်ငိုနေတာ လာမေးကြပါတယ် ဘယ်သူ့
မှမယုံလို့ဘာမှပြန်မပြောဖြစ်ဘူး...အစ်ကို့ကို
တော့သဘောကောင်းမယ် ရိုးသားမယ်ထင်လို့
ညီမအကူအညီတောင်းမိတာပါ"
"ဟုတ်ပြီ အဲ့ဒီတော့အစ်ကိုက ဘာကူညီ
ရမှာတုန်း"
"မိုးချု ပ်တော့ မယ် ညီမဘယ်မှာအိပ်ရမှန်း
မသိဘူး ညီမမှာ ပိုက်ဆံတော့ပါပါတယ် ဒါပေမယ့်
ဘယ်လို သုံးရမှန်းလည်းမသိဘူး ကူညီပါအစ်ကို
ညီမကိုကူညီပါ.."
သူ့ခေါင်းမှာထူပူသွားမိသည်...အခုချိန်ကျမှ
အဆောင်ကလည်းသွားရှာလို့ရတော့မှာမဟုတ်
တည်းခိုခန်းသွားထားလျှင်လည်းမိန်းကလေးတစ်
ယောက်တည်းမသင့်တော်...တော်ကြာဗရုတ်
သုက္ခလူတွေနှင့်တွေ့လျှင်ပိုဆိုးပေမည်
"ဒီလိုလုပ်ပါ ညီမ ဒီတစ်ညတော့ အစ်ကို့
အိမ်မှာလိုက်တည်းလိုက်ပါ "
"ရှင် ...အဲ့ဒါကြီးက"
"မဟုတ်ဘူး မဟုတ်ဘူး အဲ့လိုသဘောမျိုး
မဟုတ်ဘူး အခုချိန်ကျ မှ ညီမနေဖို့အဆောင်
သွားရှာလည်း အချိန်ကမရှိတော့ဘူးလေ တည်းခို
ခန်းကျတော့လည်းမသင့်တော် လို့ပါ အစ်ကို့
အိမ်မှာအစ်ကိုတစ်ယောက်တည်းရှိတာပါ
ခြံအကျယ်ကြီးထဲမှာအိမ်တစ်လုံးသက်သက်
ရှိပါတယ် ညီမကိုသော့ပေးထားမယ် မနက်ကျမှ
ညီမနေဖို့အဆောင်လိုက်ရှာပေးမယ် ဟုတ်ပြီလား"
သူမခဏတော့တွေဝေနေသေး၏
နောက်မှ ဆုံးဖြတ်ချက်ချ လိုက်ဟန်ဖြင့်....
"ကောင်းပြီလေ အစ်ကို့ကိုညီမ ယုံလိုက်ပြီ
အစ်ကို ပြောသလိုပဲ လုပ်ပါ့မယ်"
"အိုကေ ဒါဆို ရွာက ညီမတစ်ဝမ်းကွဲရောက်
တယ်ဆိုပြီးဧည့်စာရင်းတိုင်လိုက်မယ်....
လာ သွားစို့"
ဤသို့ဖြင့်.........
+ + + + +
ဘာပဲဖြစ်ဖြစ်အောင်ထွေးစိတ်ထဲ ဒီကောင်
မလေးအိမ်ကိုရောက်လာသဖြင့် ညီပျောက်နေ
သောသူ့ဘဝ ညီမတစ်ယောက်ကောက်ရလိုက်
သလိုရှိသည်.....
ကောင်မလေးကလည်း တောသူဆိုပေ
မယ့် အပေါစားတော့မဟုတ် တန်ရာ... အနေအထိုင်အပြောအဆိုကအစ အိနြေ္ဒရှိပြီး ယဉ်ကျေးသည်......လူမှုရေးပြဿ နာတစ်ခုခုရှိ၍
သာ စိတ်ညစ်၍အိမ်ကထွက်လာခြင်းဖြစ်မည်
"အစ်ကို နိုးနေပြီလား..."
"သြော်အင်း ညီမလေး"
"ညီမကို အခုလို ကူညီစောင့်ရှောက်ပေး
တာကျေးဇူးတင်ပါတယ်အစ်ကို...."
"ရပါတယ် ညီမရယ် အစ်ကို့မှာလည်းညီ
တစ်ယောက်ရှိတာ အိမ်ကနေထွက်သွားတာ
အခုထိကို ပြန်မလာသေးဘူး အစ်ကို့မှာသူ့
အတွက်နေ့နေ့ညည စိတ်ပူနေရတာ...."
"စိတ်မကောင်းလိုက်တာအစ်ကိုရယ် အမြန်ဆုံးရှာတွေ့ပါစေလို့ညီမဆုတောင်းပေးပါ
တယ်..."
"အင်း ညီလေးပြန်လာပါစေလို့အစ်ကိုလည်း
နေတိုင်းဆုတောင်းနေရတာ....အစ်ကိုတို့အဖြစ်
ကလည်းတိုက်ဆိုင်လွန်းတယ်နော်.."
"ဟုတ်တယ်အစ်ကို ညီမက ချစ်သူပျောက်
အစ်ကိုက ညီငယ်ပျောက်....."
"အင်း......"
သူတို့နှစ်ယောက်အတန်ကြာနူတ်ဆိတ်သွား
မိသည်....
+ + + + +့
ကောင်မလေးကိုအဆောင်တွင်အပ်နှံပြီးနောက်
သှူ့စိတ်တွင်တစ်စုံတစ်ရာလစ်ဟာသွားသလို
အောင်ထွေးခံစားမိသည်....
ရိုးသားနုထွေးသောမျက်နှာကလေး...
ကျေးဇူးဟုတဖွဖွပြောရှာသောနူတ်ခမ်းဖူးလေး
သည်အာရုံထဲစွဲထင်နေလျက်ရှိ၏....
သင် ဇာ နှင့်တော့တခြားစီပဲဟုမဆီမဆိုင်သူ
တွေးမိသေး၏...
သြော် ဆုံခွင့်ရှိလို့ဆုံခဲ့ပြီးပြီပဲကလေးရယ်
ခွဲချိန်တန်တော့လည်းခွဲခွာရမှာပေါ့...
သူနွမ်းလျ စွာသက်ပြင်းချမိသည်...
+ + + + + +
(၅)
ဖားကန့်မြို့ လုံးခင်းကျေးရွာအနီး ရွှေမှော်တစ်နေရာ...
"ဒိုင်း ဒိုင်း ဒိုင်းး"
"ဝုန်း"
"ရွှီ,,,,,"
"ဒက်ဒက်ဒက် ဒက်ဒက်ဒက်!!!"
"ဆော်ကုန်ပြီ ရခိုင်သားရေ ..မီးစက်သတ်ဟ"
"ဟ ဟို ကောင် အောင်သွေး မင်းအမေ
ဂွေးစိ ကုတ်နေတာလား ဒီမှာပစ္စည်းတွေသိမ်း"
လောပန် ဦးရွှေဟန်၏အော်သံဖြစ်သည်
အစိုးရတပ်နှင့်KlAတပ်များအကြားတိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းကြောင့်ကျောက်တူးကုမ္ပဏီများပင်ခေတ္တပိတ်ထားရသည်...
ရေမဆေးကျောက်ရှာသူများပင် ထမင်းစား
ဖို့မလွယ်ကူတော့ .။ကုမ္ပဏီမှပိတ်ထား
သောအကာအရံများကိုဖောက်ကာ ကျောက်များ
ခိုးရှာနေကြရသည် မနက်မနက် မြေတူးစက်
ဖြင့်ပုံထားသောကျောက်အပုံကြီးကို အလုအယက်တက်ကာ စိန်တူဖြင့် ဟိုခေါက်ဒီ
ခေါက် ရှာဖွေသူတွေမနည်းလှ...
အချို့ မှာ စီးပွားရေးလုပ်ခွင့်မသာသဖြင့်
မိုးကောင်းနှင့်မြစ်ကြီးနားသို့အလုံးအရင်းပြန်ဆင်း
ကြသည်....တချို့ ကတော့တိုက်ပွဲဖြစ်ပွားနေသ
ဖြင့်မဆင်းရဲကြ ... ပြန်အဆင်းကောင်း၍
လမ်းဘေးသေးထိုင်ပေါက်စဉ် မိုင်းထိ သေသူတွေ
လည်းမနည်းလှပေ ထို့ကြောင့်..
အကယ်၍အရဲစွန့်၍ဆင်းလျှင်ပင် လမ်းဘေး
တွင်မည်သူမှသေးဆင်းမပေါက်ရဲကြတော့
ကားဆရာမှာလည်းသေရမှာကြောက်သည်မို့
လမ်းလယ်ခေါင်တည့်တည့်သာရပ်လေသည်
့ ဤသို့ဖြင့်လမ်းလယ်ခေါင်မှာပြောင်ပြောင်
တင်းတင်းပေါက်ကြရ၏
သည်နေရာတွင် အရှက်ထက်အသက်ကအ
ရေးကြီးသည်ကိုး....
အစိုးရနှင့်ကချင်စစ်ပွဲမှာလည်း စေ့စပ်လိုက်
ဖျက်သိမ်းလိုက် ညှိနှိုင်းလိုက် ပြန်ချ လိုက်ဖြင့်
သံသရာလည်နေသည်ဖြစ်ရာ အချို့ မှာ စီးပွား
ရေးကိုလုပ်ရကောင်းနိုးနိုးမလုပ်ရကောင်းနိုးနိုး
ဖြစ်နေ၏
အဆိုးဆုံးကတော့ ကျောက်ရှာလုပ်ငန်းပင်
ဖြစ်သည် ..
သည်အတိုင်းဆိုလျှင်သူအိမ်ပြန်ဖို့ဝေးနေ
ချေ ဦးမည်......
"ဟာ ဒီခွေးသားအောင်သွေး ပစ္စည်းတွေသိမ်.း
ပါဆို ငူငူငိုင်ငိုင်နဲ့ လခွီး"
လောပန်ဦးရွှေဟန်မှာ ရခိုင်သားပီပီအပြော
တွင်အဆဲပါလေ၏...
"မင်းအဖေတွေပစ်တဲ့ဗုံဆံကျလာတော့မှ
အကုန်မျိုးကန်းကုန်လိမ့်မယ် မြန်မြန်လုပ် "
"ဟုတ် သိမ်းနေပါပြီ ခင်မျ "
"ငါလခွီး မင်းတို့ဗမာတွေတော်တော်ပြောရ
ဆိုရလက်ပေါက်ကိုကပ်တယ် အဲ့ဒါကြောင့်
မကြီးပွားတာ...'
"အွမ်"
ငါတစ်ယောက်လုပ်တာနဲ့ဗမာတွေတော့
သိက္ခာကျြူပီဟုတွေးလိုက်မိသေး၏
+ + + + + +
( လေးလခန့်ကြာသော်...)
'မပိုင်ဝက် မွေး'ဟု အများကခေါ်ချင်လည်း
ခေါ်ကြစေပါတော့ ကောက်ရိုးပုံစောင့်တဲ့ခွေး
ထက်သာလျှင်ပြီးပြီဟုသာသဘောပိုက်နေသော
အစ်ကို့ကိုသူတွေ့ချ င်လှပြီဖြစ်သည်
ပတ်ဝန်းကျင် တွင်အောင်ထွေးဆိုသူသည်
KTVမာဆတ်က မိန်းကလေးနှင့်ညားသူ...
ထို့ပြင်နောက်ထပ်ဂုဏ်ပုဒ်တစ်ခုထပ်တိုးသည်
မှာဘယ်ကမှန်းမသိသောဗိုက်ကြီးသည်ကို
အိမ်ပေါ်ခေါ်တင်ထားသည်တဲ့
အောင်သွေးခြေလှမ်းတို့က မြန်ဆန်သွက်
လက်လျှက်ရှိသည်
ထိုဗိုက်ကြီးသည်ဘယ်သူလဲသူသိချင်
လှသည်သူ့အစ်ကိုသဘောကောင်းလွန်၍အနစ်နာခံပြန်ပြီလားမပြောတတ်..ဘာမှအကြောင်းမကြားဘဲထွက်ခွာသွားသည့်သူ့အပေါ်အစ်ကိုစိတ်နာနေမလား ဒါလည်းသူသိချင်သေးသည်...
အားလုံးပုံမှန်ပဲဆိုလျှင်တော့ရွာသာယာကို
သွားကာ ခေတ္တာဖူးကိုသူတောင်းရမ်းယူမည်စိတ်
ကူးထားသည်..သူငယ်ချင်းငထွန်းကိုလည်းလွမ်းလှ
ပြီဖြစ်သည်
မောင့်ရဲ့သေတ္တာဗူးလေးရေ...
ကိုယ်မင်းကိုဆက်ဆက်လာခေါ်တော့မှာပါ
အတွေးတို့ဖြင့်ပင် ကြည်နူး ဝမ်းမြောက်လာမိ
သည်...
စေ့ထားသောခြံတံခါးကိုသူငြင်သာစွာတွန်း
ဖွင့် လိုက်သည် အံ့သြသွားသောအစ်ကိုမျက်နှာကို
သူမြင်ချင်လှပါသည်.....
"ဘယ်လိုလဲခေတ္တာ အစ်ကိုပြောတာ
လက်ခံမှာလားအစ်ကိုမင်းကိုလက်ထပ်ယူရပါရစေ"
"ခေတ္တာမောင့်ကိုစောင့်ချင်သေးတယ်"
"သြော် ခေတ္တာရယ် မင်းစောင့်ခဲ့တာ
တစ်နှစ်ပဲပြည့်တော့မယ် သူအခုထိပေါ်လာလို့
လား....မင်းအပေါ်သစ္စာရှိရင်သူပြန်လာသင့်ပြီ
လေ....."
"......ဟုတ်တော့ဟုတ်ပါတယ် ကိုအောင်
ထွေးရယ် ဒါပေမယ့် မောင်ကတိတည်မယ်လို့
ကျမ ယြုံ ကည်နေသေးတယ်..."
"အစ်ကိုကလည်း ညီမအတွက်ပြောတာပါ
မရေရာတဲ့ အရာကိုမျှော်လင့်နေမယ့်အစား
ကိုယ့်ကလေးရဲ့အနာဂတ်အတွက်ပြင်ဆင်သင့်
ပြီလေ....နောက်ပြီးအစ်ကို လည်းမင်းကိုသံယောဇဉ်ဖြစ်နေပြီ မခွဲချင် တော့ဘူးခေတ္တာ .."
ခေတ္တာဝေခွဲရခက်စွာခေါင်းငုံ့ထားမိသည်
- - - -- - -
မြင်ရသော မြင်ကွင်းကသူ့ကိုကြက်သေ
သေသွားစေသည်....ခေတ္တာ ဟုတ်သည်ခေတ္တာမှ
ခေတ္တာအစစ်.....အစ်ကိုနှင့်မျက်နှာချင်းဆိုင်
စကားပြောလျှက်ရှိသော ကိုယ်ဝန်သည်....
ဘာတွေဖြစ်ကုန်ပြီလဲ အစ်ကိုရယ်.......
" ဟင် ..ညီလေး..ပြန်လာတယ်"
သူထွက်သွားတော့မည်ဟုဆုံးဖြတ်ချက်ချလိုက်စဉ်
အစ်ကို မြင်တွေ့သွားခဲ့ပြီဖြစ်သည်....
"မောင်....."
ခေတ္တာဖူးအံ့သြလွန်းစွာ
နူတ်မှမြည်တမ်းမိသည် ဒါဆို ကို
အောင်ထွေးပျောက်နေတဲ့ညီဆိုတာ မောင်ပေါ့
သူမအတွေးတို့ချာ ချာလည်သွားရလေသည်
" သတိရလိုက်တာညီလေးရာ ...အစ်ကို့မှာ
မင်းပျောက်လို့လိုက်ရှာလိုက်ရတာ ဘယ်တွေ
လျှောက်သွားနေတာလဲ "
အစ်ကိုကအသေကောင်လိုတောင့်တောင့်
ကြီးရပ်နေသောသူ့ကို အတင်းပွေ့ဖက်ရင်း
စကားတွေမနားတမ်းပြောသည်
သူကတော့ မတ်တပ်ရင်းမှ ခေတ္တာကိုသာ
စူးစိုက်ကြည့်နေမိသည်.....
"သြော် ညီလေးကိုမိတ်ဆက်ပေးရဦးမယ်
သူနံမည်ကခေတ္တာတဲ့ ခေတ္တာ လာလေ "
"ဟုတ်"
"ဒါ အစ်ကို့ရဲ့တစ်ဦးတည်းသောအချစ်ဆုံး
ညီပေါ့ ခုမှပြန်ရောက်လာတော့တယ် ညီလေး."
ဒါ အစ်ကို လက်ထပ်မယ့်မိန်းမလေ "
"ဗျာ...."
"မဟုတ်ဘူး မောင် မဟုတ်ဘူး"
"ဟင် ခေတ္တာ ,ညီ လေး ကိုဘယ်လိုခေါ်လိုက်
တယ်.."
အစ်ကို မျက်နှာ သည် အံ့သြလွန်းသဖြင့်
ပါးစပ်အဟောင်းသားဖြစ်သွားလေသည်
"ဒီလိုပါ ခေတ္တာရှင်း ပြပါမယ် ...
အခုကိုအောင်ထွေးရဲ့ညီ အောင်သွေးဆိုတာ
ခေတ္တာ လိုက်ရှာနေတဲ့ မောင် ပါပဲ ခေတ္တာက
သူ့နံမည်အရင်းကိုမသိခဲ့ပါဘူး ငထွန်းတို့
ခေါ်နေကျ ငခေ ဆိုတာပဲ သိတာပါ "
"ဟင် "
"ဒါဆို ဒီကိုယ်ဝန်က ..ညီလေးနဲ့ရတာပေါ့"
အစ်ကို့အသံသည်လှိုက်ခါတုန်ရီနေတာသူသတိ
ထားမိသည်
"ဟုတ်ပါတယ်..."
"ဟာ ဒါဆို ငါက ငါ့ညီ ရဲ့ချစ်သူကို အပိုင်သိမ်း
ဖို့ကြံစည်ခဲ့တာပေါ့....ငါက ငါ.."
"အဲ့လိုမဟုတ်ပါဘူးအစ်ကို ရယ် မသိလို့ဖြစ်
တာပဲ ညီနားလည်ပါတယ် အစ်ကို ခေတ္တာ
ကိုစာနာစိတ်နဲ့ ကယ်တင် ခဲ့တယ်ဆိုတာလည်း
ညီသိပါတယ်.ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့အစ်ကို
ရယ်..."
အောင်သွေးနှစ်သိမ့်ဖြောင့်ဖျ သော်လည်း
် ရှက်စိတ်ကြောင့်အစ်ကိုသည်မျက်ရည်တို့
လိမ့်ဆင်းကျလာခဲ့သည်
အစ်ကို့အပေါ်သူမှတစ်ပါး အခြားသူသည်
နက်ရှိုင်းစွာနားလည်ပေးနိုင်မည်မဟုတ်ပေ...
သည်တစ်ခါနှင့်ဆို အစ်ကို့အသည်းသည် နှစ်ခါ တိတိကွဲခဲ့ပြီဖြစ်သည်ပဲ....
+ + + + +
(၆)
"နှစ်ခါကွဲ
မနာပဲရှိပါ့မလားအသည်းရယ်
တစ်ခါထဲ သေသွားတာမှ
ကောင်းလိမ့်မယ်.."
ဆန်းကြယ်လွန်းသော ကံကြမ္မာသည်
သူ့နှလုံးသားကိုဒုတိယအကြိမ် ရိုက်ချိုးဖျက်ဆီး
ခဲ့ပြန်ပြီဖြစ်သည်....
စီးကရက်အတွေးများ...
အလင်းမဲ့ညများ
မာတိမပါသောဒဏ်ရာများ...
အရာအားလုံးသည် ကုတင်ခြေရင်းကပုလင်းခွံ
အလွတ်များ လို တစ်စစီပြန့်ကျဲ ကြေမွလျက်.....
သင်ဇာကြောင့်ယိုင်နဲ့ သွားခဲ့သော
သူ့နှလုံးအိမ်သည် ခေတ္တာဖူးဟူသောတောသူမ
လေးကြောင့် ပြန်လည် ရှင်သန် ခွင့်ရခဲ့သည်
မျှော်လင့်ချက်တနင့်တပိုးဖြင့်ရင်နင့်စွာသူချစ်
ခဲ့ရသော အဖူးလေးသည်...အခုတော့
ညီအရင်း၏ ကာမပိုင်မိန်းမဖြစ်နေသည်
ခေတ္တာ ကိုမတွေ့ရမနေနိုင်တော့သဖြင့်
ကိုယ်ဝန်ရင့်လာ၍စိုးရိမ်ရကြောင်းအစချီ ကာ
အိမ်မှာသူခေါ်ထားခဲ့သည်...မည်သူကတာဝန်
မဲ့စွာစွန့်ပစ်သွားခဲ့သည်ဖြစ်စေ .ခေတ္တာ၏ဘဝ
လုံခြုံ ရန်သူတာဝန်ယူဖို့ဆုံးဖြတ်ထားခဲ့သည်
သူတို့စောင့်မျှော်နေချိန် ပိုင်ရှင်ပေါ်လာလျှင်
လည်းသူ့ အသည်းကိုစတေးကာ ပြန်ပေးအပ်ရန်
အသင့်ရှိခဲ့သည် ...ထို့ကြောင့် သူခေတ္တာ
အပေါ် လက်ဖျားနှင့်မတို့ထိခဲ့...ဖြူ စင်ရိုးသား
စွာဆက်ဆံခဲ့သည်...
သို့ဖြစ်၍ လည်း ခေတ္တာသည်သူ့အပေါ်
အစ်ကိုတစ်ယောက်နှယ်ယုံကြည်မှုရှိခဲ့ခြင်းဖြစ်
သည်.....
သို့ရာတွင်........
...................
'ညီလေးရေ..../
မင်းတို့ရဲ့ဘဝလေးအေးချမ်းပါစေ
ကွာ...အစ်ကိုဟာ ညီ့အပေါ် အကြိမ်ကြိမ် စိတ်
အနာပေးခဲ့မိသူပါ.... ကိုယ်ဟာ အစ်ကိုကြီး
အဖရာ မပီခဲ့ တဲ့ ကြာကူလီကောင်ပါ ညီလေး
တို့ရဲ့ဘဝထဲမှာ အစ်ကို မရှိသင့်တော့ပါဘူး
အစ်ကိုဟာလူပိုတစ်ယောက်ဖြစ်နေခဲ့ပါပြီ
အစ်ကိုသွားတော့မယ်ညီလေး...ခေတ္တာကိုလည်း
နူတ်ဆက်ခဲ့ ပါတယ် ...ညီလေးတို့ ဇနီးမောင်နှံ
နှစ်ဦးတသက်တာပျော်ရွှင်စွာလက်တွဲသွားနိုင်ပါ
စေကွာ....
ချစ်တဲ့ကိုကို
(အောင်ထွေး..)
+ + + + + +
ည၏ပြတင်းသည် လေညှင်းကိုဖိတ်ခေါ်
လျှက်ရှိ၏ တစ်စုံတစ်ရာ မှလွတ်မြောက်ချင်
နေသော နှလုံးသားသည် သူ့ စိတ်ဝိညာဉ်အား
အခြားသို့လွှင့်ထုတ်ရန်ကြံစည်လျှက်ရှိသည်..
တစ်စစများလာသောအယ်ကိုဟောအရှိန်
သည် ဆင်ခြင်သိစိတ်အားထုံထိုင်းစေခဲ့ပြီဖြစ်
သည်
သံယောဇဉ် ဟူသောကြိုးတစ်ချောင်းအား
ဖြတ်တောက်ရန်သူလည်းကြိုးတစ်ချောင်းအား
အသုံးပြု တော့မည်
ညမွှေးပန်းတို့၏ရံနံ့တို့သည် လွန်ကဲစွာ
သင်းကြို င်လာ၏ အခန်းတွင်းသို့ လေများဟူးဟူး ဟဲဟဲဝင်နေသော်လည်း ဆေးလိပ်ငွေ့တို့သည်
ပြင်ပဆီမထွက်ခွာနိုင်သေးကြ
အချိန်ကိုကြည့်လိုက်တော့ညတစ်နာရီတိတိ
သူကတော့ ကြိုးတစ်ချောင်းရှိရာ သို့
ညင်သာစွာ.... တရွေ့ရွေ့လှမ်းရင်း ။ ။
+ + + + +
(ဇာတ်သိမ်းပိုင်း)
ယနေ့အတွက်လူပြောအများဆုံးသတင်း
တစ်ခုမှာ အိမ်မှပျောက်သွားသော ညီအရင်းပြန်
ရောက်လာပြီးတစ်ရက်အကြာတွင် အစ်ကိုဖြစ်သူ
မှ ကြိုးဆွဲချ သတ်သေသွားခြင်းဟူသည့်သတင်း
တစ်ပုဒ်ဖြစ်သည်.....။
ထိုညီအစ်ကိုနှစ်ယောက်၏အမည်မှာ အောင်ထွေးနှင့်အောင်သွေး ဟုခေါ်ပါလျှင်......
ကြိုးစားပါဦးမည်
(ခေဝံ့ခေ)