"ရှစ်ရက်ထဲကျတဲ့အပြစ်ဒဏ်
ကျနော်တို့ပြည်သူတွေ
တစ်သက်လုံးခံနေရတော့မလား"
သစ်ပင်ကိုသတ်
လူရမ္မက်ကြောင့်
ဂေဟစနစ်တွေပျက်လာတယ်
သစ်တောလည်းပြုန်း
သစ်ပင်ဆုံးတော့
အရိပ်မရှိငုံးတိတိတောင်
မိုးမှောင်ညိုမည်းရွာတဲ့အခါ
မြစ်ကြီးချောင်းငယ်အသွယ်သွယ်ထဲ
ရေလွှဲစီးဆင်း ပြည့်လျှံတင်းတော့
နေ့ချင်းညချင်းရန်သူဖြစ်
ရေမှာနစ်သူရှိလာခဲ့
ဒါပေမယ့်
သစ်ပင်တွေခုတ်ရောင်းလေသမျှ
လူတစ်သောင်းဝမ်းမဝခဲ့
သစ်တောထွင်းအပြုတ်ရှင်းလေသမျှ
လက်ငင်းကျအရေးမယူခဲ့
ထမင်းအိုးလေးမီးဖိုမွှေးဖို့
ထင်းခြောက်ပြေးကောက်
ထောင်ထဲရောက်တယ်---။
တောင်ကြီးကတုံး
သစ်တောပြုန်းအောင်
(ငါလည်း---)
သစ်လုံးခိုးရောင်းဦးမှပဲ --- ။ ။
No comments:
Post a Comment