"မြန်မာပြည်ကိုအမြန်ကယ်တင်ပါ"
လောကဓံကနှိပ်စက်
လောဘသားတွေကနှိပ်စက်
တရစပ်အဖိနှိပ်ခံဘဝတွေ လေ
အရေထူနေပေမယ့်
ဘယ်သူတောင့်ခံနိုင်တော့မလဲ
ဝမ်းနည်းမှုကတားဆီးမရ
နှစ်သိမ့်မရတဲ့မျက်ရည်စက်တွေနောက်မှာ
မြန်မာပြည်သူတွေရဲ့စိတ်နှလုံးဟာ
ကြွေပြုန်းနာကျင်နေပါပြီ
ကျောင်းတံခါးတွေပိတ်
စာအံသံလည်းဆိတ်
ကျေးရွာတစ်ခုလုံးမီးတွေမှိတ်
သောကနဲ့မအိပ်နိုင်တဲ့ညတွေရင်ဆိုင်နေရ
သူတို့ဘဝ က
လယ်ယာကျောင်းကန် ရေပြည်လျှံလို့
သီးနှံလည်းရှုံး အိုးအိမ်ဆုံးရ
ဒီလိုဒုက္ခတွေကို
ဟန်ပါပါနှစ်သိမ့်မှုနဲ့မလုံလောက်တော့
စာနာစွာဂရုဏာအကြည့်နဲ့မလုံလောက်တော့တာ
လူတချို့သိကြပါရဲ့လား?
ခေဝံ့ခေ
No comments:
Post a Comment