Sunday, August 2, 2015

"ကူညီကြစို့"(ကဗျာ)

"ကူညီကြစို့"

ကြမ္မာငင်
လဟာပြင်ရေဖွေးဖွေးမို့
ရှေ့ရေးတွေးလို့အေးပါနိုင်
မိုးကဖြိုင်ဖြိုင်--။

သည်နိုင်ငံသည်အရေးမို့
သည်ဘေးကိုကူညီကြပါကွဲ့
ဖေးမပိုင် ပိုင်---။

ငြိုးစွေရွာ
မိုးဒေဝါ မသနားလျှင်ဖြင့်
တို့ပြည်ရွာရေလွှမ်းလာနိုင်
ဘေးထိုင်ရှောင်ရှား--။

သက်အိုးအိမ်စည်းစိမ်ဖျက်
ကြောက်စရာသည်ရေအတက်မှာ
မျက်ရည်ဝေပြည်သူအတွက်လေ
ပေးဆပ်ဖို့သွား---။

                  

No comments:

Post a Comment