"သဇင်ပန်းမို့မနမ်းချင်"
ဇမ္ဗူမယ်
သူနှယ်ရှား
ထင်မှားမှတ်ဖွယ်နတ်မိမယ်---။
သွင်မရိုင်း
မြင်တိုင်းတင့်တယ်
နုပျစ်သွယ် ပင်ကိုယ်အလှရယ်က
သြချလောက်တယ်---။
ရဂုံတွင်း
ဂုဏ်သတင်းလည်းတကယ်
ထုံသင်းကြွယ်ရှုမဆုံးတယ်
လူနုံးဖွယ်သူ့အပြုံး----။
တော်ရုံလူ
မပန်ရိုးပေ
မြတ်နိုးစေမဆင်ထိုက်
နန်းကြိုက်ပန်းဂေါ်သဇင်မို့
ချူဖို့ခက်တုန်း----။ ။
လေးချိုး
11:56/29/8/2015
လေးချိုးမပီ
တြိမညီ၍
ဒွေးသီချွတ်ယွင်းမှားခဲ့လျှင်-----
သင်ပြလာသူ
နည်းနာယူမည်
ငါဟူ၍မာန်မထားပြီ----။ ။