""" နွေအရိပ်အတိတ်တစ္ဆေ(ဝတ္ထု တို)"""
' မောင်'
'သစ်ရွက်တွေအရမ်းကြွေတာပဲနော်'
'အေးကွာ မနက်ကျ တံမြတ်စည်းလှည်းပြီး
မီးရှို့ရဦးမယ် '
'အာ....မောင်ကလည်းလွမ်းစရာမကောင်းဘူး
လားမေးတာကို'
'သြော် အဟီး မသိဘူးလေ မျက်စိနောက်လို့
ပြောတယ်မှတ်လို့'
'ကဗျာဆရာကလည်းဘာမှမခံစားတတ်ဘူး ဟွန့်'
ချစ်သူကမျက်စောင်းခဲမာန်မဲသည်..တော်သေး
တာပေါ့မဟောင်တာ အဲလေ ဒေါသမထွက်တာ..
a
'ဟိုမှကြည့်စမ်းမောင်'
'ဟမ် ဘာလဲ ဘယ်သူချော်လဲလို့လဲ'
'ဘယ်တွေလျှောက်ကြည့်နေတာလဲ သစ်ပင်ပေါ်ကို
ပြောတာ'
'အင်း...'
'ဘာတွေ့လဲ'
'ပုတ်သင်ညို တွေ့တယ်လေ'
ခေါင်းကို ဂွပ်ခနဲခေါက်လိုက်သံကြားရသည်
'ငှက်ကလေးနှစ်ကောင် ကြည်နူးနေတာမမြင်ဘူး
လား'
'အိမ်ပေါင်မလို့စဉ်းစားနေတာဖြစ်မှာပေါ့'
'ဂွပ်!'
'အောင်မအီး..သေပါပြီ'
'မောင်ကလည်း ဘာမှ သဘာဝတရားကိုမမြတ်နိုး
တတ်ဘူး '
'မောင်မြတ်နိုးတာမင်းလေကွာ မြတ်နိုးစရာအကောင်းဆုံးသဘာဝတရားက
မင်းကလွဲပြီးဘာရှိမှာလဲ'
နှင်းဆီရောင် လွှမ်းသောအပြုံးတစ်စမြင်ရ
သည်....သူမထိုစကားကိုသဘောကျသွားမှန်းသိ
သာသည်...
'ဟွန်း တကယ် ဟုတ်ရို့ရား အဲဟုတ်လို့လား
မညောင်နဲ့နော်မောင် '
'မညာနဲ့ နော်လုပ်ပါကွာ '
'မညာနဲ့နော်'
ညာပါဘူးလိမ်တာ လေဟုပြောမလိုပြု
ပြီးမှ ခေါင်းကိုပွတ်ကာ'အင်း' ဟုခေါင်းညိတ်လိုက်
ရသည်...မိန်းမများအမြှောက်ကြို က်တယ်မဟုတ်ပါ
လား.....
'ချစ် '
'ဘာလဲမောင်'
'မိန်းကလေးတွေကအမြှောက်ကြို က်ကြတယ်ဆို'
သူမကရင့်ကျက်သောလေသံဖြင့်..
'ဒါပေါ့ မောင်ရယ် ကိုယ်ချစ် သူကလိမ်နေပေမယ့်
စိတ်ချမ်းသာစေချင်လို့ပြောတဲ့ စကားပဲ ဘယ်သူ
က စိတ်ဆိုးရက်မှာလဲ'
'ဒါဖြင့် ချစ်လည်း အမြှောက်ကြို က်တာပေါ့
ကဲပြော..လေယာဉ်ပစ်တဲ့အမြှောက်လား
တင့်ကားထုတဲ့အမြှောက်လား'
'မ
သာ
ကြီး'
အလွန်တရာ မှကြားနာရခဲလှသောဆဲဆိုသံတိုးတိုး
လေးနှင့်အတူ သူ့ကျောပြင်သို့လက်သီးဆုပ်ကလေး
များတဘုန်းဘုန်းကျလာသည်
'ဟား ဟား ဟား မောင်ကစတာပါကွ
ချစ်ကအမြှောက်ကြို က်တာမဟုတ်ဘူး
ဗုံးသီးကြို က်တာ ဟီးဟီး'
'ကဲ ပြောလေ ကဲလေ ...'
********
ယခုတော့
ထိုကံ့ကော်ပင်ကြီးလည်းမရှိတော့ပြီ
အလွမ်း၏ အစသည် နွေဦး၏ တေးသံ
ရှင် ဥသြပင်ဖြစ်သည်
ရေအိုင် တို့ခမ်းသော်လည်း
မျက်ရည်တို့ခမ်းမည်မထင်....
အရိပ်တို့တသွင်သွင်စီးဆင်းခဲ့သော အမှတ်တရ
နွေညများသည် သူမကို ပိုသတိရစေ၏
နေပူ ကျဲတဲတွင် ဆိုင်းထမ်းတံပိုးကို
ချရင်း ကျနော်အမောဖြေမိသည်
အခုလောက်ဆို ခြံဝန်းကျယ်ကြီးထဲက
အခန်း တစ်ခုတွင်အဲယား ကွန်းဖွင့် ရင်း
ရုပ်ရှင်ကြည့်ရှုကာသူမရယ်မောနေပေလိမ့်မည်
အေးလေ...နင်က အရင်လိုဈေးဗန်းသည်
မိငယ်မှမဟုတ်တော့တာပဲလေ
နွေကိုအံတုရင်း ထမ်းပိုးကိုကျနော်ပြန်
ထမ်းလိုက်သည် ရေငတ်သော်လည်း အသက်ဆက်ဖို့ရေထက်ငွေကိုတန်ဖိုးထားရသည်
ဒီနေ့ကျမှမွန့်တည့်သည်တိုင်အောင်ဈေး
ဦးကမပေါက်သေး...ဟူးးးးးးး
"ရွှေရင်အေး မုန့်လက်ဆောင်းရမယ်
ရွှေရင်အေးမုန့်လက်ဆောင်း....."
**********
'အမေဘယ်လိုနေသေးလဲ....သက်သာရဲ့လား'
ကျူ ရိုးပမာသေးသွယ် ပိန်လှီလှသောအမေ့
လက်ချောင်းလေးများကိုဆုပ်ကိုင်ကာကျနော်မေးမိသည်
'အဟွတ် ....
သက်သာပါတယ်သားရယ် မင်းနှယ်ချွေး
လေးဘာလေးသုတ်ပါဦး နေပူကြီးက
အဟွတ် ......ဟွတ် ပြန်လာရတာ'
'ဟာ ရပါတယ်အမေ့ ရ
ငယ်ငယ် ကဆို နေပူထဲတောင်ဘောလုံးကန်နေ
တာပဲဟာ အမေ့သား မာပါတယ် ဗျ'
'အေး ပါ ကွယ်'
'ဒီမှာ အမေသောက်ဖို့ဆေး တွေ
ညနေကျ ကျနော်ဆရာမခေါ်ပေးမယ်နော်
သားအခု ရေချိုး လိုက်ဦးမယ်'
'နားနားနေနေ နေပြီးမှချိုးပါလားသားရယ်'
'ဟုတ်ကဲ့ပါ အမေရဲ့ ရပါတယ်'
--------- --------- --------
'အကိုကြီး အိမ်ရှေ့ မှာ ဧည့်သည်ရောက်နေတယ်'
'ဘယ် သူလဲ ညီမလေး'
'မမ ငယ်'
'ဟင် '
မိငယ် အိမ်ကို ဘာလာလုပ်တာပါလိမ့် 
ငါ့ဆီပြန်လာတာများလား ငါကိုလွမ်းလို့ ပြန်လာ
တာလား ဒါမှမဟုတ်ဟိုမှာအဆင်မပြေလို့များလား
'ကိုကြီး ဘာတွေစဉ်းစားနေတာလဲ
ထွက်တွေ့လိုက်လေ.....'
'အင်း....အေးပါ ညီမလေး ကိုကြီးလာခဲ့မယ်'
------- ------------ --------------
့
'ဘာလာလုပ်တာလဲမိငယ် '
'သြော် ဒေါ်လေးကိုလာတွေ့တာလေ နင်ရောအဆင်ပြေရဲ့လား'
ဝါးဓနိ တဲကလေးအတွင်းမှာ မိငယ် အသွင်
ကအရင်ကနှင့်မတူ ...တောက်ပသစ်လွင်ကာ
လှပရွှန်းစိုလျှက် ရှိလေသည်
'ဒီလိုပဲ..... အရင်လိုပဲဈေးရောင်းတယ်'
မိငယ်ကကျနော့်ကိုတစ်ချက်စိုက်ကြည့်ကာ
'ဟိုလေ ......
ဘယ်လိုမှသဘောမထားပါနဲ့ဟယ်
ငါဒေါ်လေးကိုကူညီချင်လို့ပါ'ဟုဆိုကာ
လက်ဖဝါးအတွင်းသို့တစ်စုံတရာကိုထည့်သည်
'ဘာလုပ်တာလဲမိငယ်
နင်ဒါဘာလုပ်တာလဲ'
'စိတ်မဆိုးပါနဲ့ဟယ် ငါ့ကိုခင်ရင်ယူထားလိုက်ပါ
ဒေါ်လေးလည်းငါ့အမေလိုပဲဟာ '
'ငါ့ အမေ..ကို ...'
'ယူလိုက်ပါသားကြီးရယ် အမေလည်းတားပြီးပြီ
မယူရင်မိငယ်ပြန်မှာမဟုတ်ဘူး'
'ဟုတ်ပါတယ်အစ်ကိုကြီးရယ် ယူလိုက်ပါ
သူငယ်ချင်း အချင်းချင်းမို့
မမငယ်က ကူညီတာပဲဟာ'
သူနဲ့ငါသူငယ်ချင်းမဟုတ်ဘူးးဟု
ကျနော်အော်ပြောချင်ခဲ့သည်
'ဒါပဲနော်
ကားပေါ်မှာသူပါလာတယ်
ငါခင်လို့ကူညီတာကိုလက်ခံပါ '
အနက်ရောင်မှန်ထဲ မှသူမကျနော့်ကို
ကြည့်နေမှာသိခဲ့သည်
ကားထွက်သွားသောအခါ ဖုန်းလုံးများက
တဲအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်
'အဟွတ် ...အဟွတ်..'
'အမေ....အမေ'
*************
တခါတခါကံကြမ္မာသည်ပဉ္စလက်ဆန်လွန်းလှပါသည်....
မိငယ်
ကျနော်
နွေဦး
အရာရာသည် ကြားခဲ့ဖူးသောပုံပြင်ပမာ.....
နှစ်တွေကြာညောင်းခဲ့သော် လည်း
ကံ့ကော်တွေ ပွင့်မြဲပွင့်နေခဲ့ပါသည်
ကျနော်လည်းလွမ်းမြဲလွမ်းနေခဲ့ပါသည်
နင်သိလား မိငယ် ...
အခုငါသဘာဝတရားကိုမြတ်နိုးတတ်ပါပြီ
ဒါပေမယ့် အရင်ကတည်းကငါ့ရဲ့ဝင်သက်ထွက်သက်
တိုင်းဟာ နင့်အပေါ်ချစ်စိတ်တွေနဲ့ပါ
နင်ဟာ ငါ့အတွက်ရယ်စရာမကောင်းဘူးဟာ
မောင်'
'သစ်ရွက်တွေအရမ်းကြွေတာပဲနော်'
'အေးကွာ မနက်ကျ တံမြတ်စည်းလှည်းပြီး
မီးရှို့ရဦးမယ် '
'အာ....မောင်ကလည်းလွမ်းစရာမကောင်းဘူး
လားမေးတာကို'
'သြော် အဟီး မသိဘူးလေ မျက်စိနောက်လို့
ပြောတယ်မှတ်လို့'
+++++{}{}{}+++++
ကြိုးစားပါဦးမည်
<<{ခေဝံ့ခေ}>>
်
်
No comments:
Post a Comment