" အချစ်နှင့်အခြစ်"
မျက်စိမဖွင့်သေးဘဲသူမကိုအရင်
စမ်းသပ်ရှာဖွေမိသည်...ညကလည်း အလွန်
အကျွံပါးစပ်သရမ်းထားသောကြောင့်တော်
တော်နှင့်ရှာမတွေ့....
သူမနှင့်ကပ်လျက်ထားသောအရာ
ကိုပထမဆုံး တွေ့ထိမိသည် ..ဆောင်းတွင်း
မို့လားမသိ ..ထိုအရာက မာကျော ကျောအေး
စက်စက်...တစ်ချက်ကလိပြီး လက်တည့်စမ်း
ကြည့်လိုက်သည်...
ချစ်စရာကောင်းသောအသံလေးနင့်
အတူ တစ်ခန်းလုံးလင်းထိန်သွားသလိုခံစား
မိသည် ..အလင်းရောင်ထဲမှာသူမရှက်နေ၍
လားမသိ...ကျနော်ခုထိရှာလို့မတွေ့သေးပါ
"ဘာလို့ပုန်းနေတာလဲကလေးရယ်..မင်းကို
ငါလိုအပ်နေတာသိရက်နဲ့"
ဆန္ဒကလည်းပြင်းပြလာသည်မို့ မရ
တော့..မျက်လုံးကိုအတင်းဖြဲကာ မရမက
လိုက်စမ်းရတော့သည် ...သို့တိုင်အောင်သူမ
ကပျောက်ချက်သားကောင်းနေသည်မှာအံ့သြ
စရာတော့ကောင်းလှသည်
အခန်းထဲဘယ်သူမှလည်းမရှိသည်မို့ ခြင်ထောင်ကိုအပေါ်သို့မတင်လိုက်သည် ...ဒီလိုလုပ်တာကိုအိမ်က လူကြီးများမကြို က်၍ ဘေးဘီဝဲယာလည်းအခြေအနေလေ့လာ
ရသေး၏
"အဲ့လူကြီးတွေကလည်းသူတို့မလုပ်နိုင်တိုင်း
သူတစ်ပါးဆိုအကုန်လိုက်ကန့်သတ်နေတာပဲ
ရှေး ရိုးစွဲတွေပိုဆိုး.. ဟူး.."
ခြင်ထောင်ကို မတင်ပြီးတော့ ရှုပ်ထွေး
နေသောစောင်ကို ပါဖြည်းဖြည်းချင်းဆွဲခွာ
ဖြန့်ရှာရသည် ..လိုချင်သောအရာကိုမတွေ့
သေးလေ အာသာ ကပြင်းပြလာလေဖြစ်သည်
"မျက်နှာသွားသစ်နေသလား သြော်ငါ့နှယ်
ဘာတွေလျှောက်တွေးနေမှန်းမသိဘူးပေါကြောင်
ကြောင်နဲ့"
အာခေါင်တွေခြောက်ကာ ရေကလည်း
ငတ်လာသည် ...သူမကိုရှာမတွေ့သေး..
ပြတင်းပေါက်တွေဖွင့်လိုက်လျှင်တော့
လူကြီးတွေရိပ်မိမှာသေချာ သည်
အချိန်ကလည်းအရေးကြီးသည် ..ယခု
အချိန်သည် အချိန်ကောင်းဖြစ်သည် ..ဘယ်သူ
မှမထကြသေးပေ....
မတတ်သာတော့ မမြင်မစမ်းနှင့်လုပ်နေ
လျှင် အချိန်ကုန်ရုံသာရှိတော့မည်မို့ မီးခလုတ်
ကိုအသံမကြားအောင်တိတ်တိတ်ကလေးဖွင့်
ရသည်..
"ချောက်"
"အဟမ်း အဟမ်း"
ဘေးအခန်းက အဖေ့ချောင်းဟန့်
သံကိုကြားရသည် ...ဒုက္ခပဲ ...အဖေနိုးနေပြီ
လားမသိဘူး ..သွားပြီ ဒါဆိုရင် တော့ဘာမှ
လုပ်လို့ရတော့မှာမဟုတ်ဘူး...အကင်းပါး
လွန်းသောအဖေ့အကြောင်းကိုသိ၍လည်းစိုး
ရိမ်မကင်းဖြစ်မိသည်.....သူမကိုလည်းခုထိ
ရှာမတွေ့သေး....
"ရှာမနေနဲ့တော့ဟိတ်ကောင်"
"ဗျာ"
"မင်းဘာလုပ်နေလဲငါသိတယ်"
" ဗျာ ဘာ ဘာမှမလုပ် .."
"မင်းဆေးလိပ်သောက်တတ်နေပြီ
ပေါ့မဟုတ်လား..အတတ်ကောင်းတွေတတ်နေတယ်ပေါ့ဟင်....အခုမှကိုးတန်းပဲရှိသေးတယ် မင်းသေချင်လို့လားမင်းဆေးလိပ်တိုငါလွှင့်
ပစ်လိုက်ပြီ..."
" ........."
"နောက်တစ်ခါတွေ့ရင်မင်းကို
ပါးစပ်နဲ့မပြောတော့ဆိုတာမှတ်ထား"
"ဟုတ်"
ဝေးပြီ ဟုစိတ်ထဲမှကြေကွဲစွာမြည်
တမ်းမိသည်
ငါမင်းကိုမချစ်လို့မဟုတ်ပါဘူး
မြစိမ်းရောင်မင်းသမီးလေးရေ..........
အငွေ့ဆိုပေမယ့်လည်းမင်းရဲ့အထိအတွေ့
ဟာငါ့ကိုယစ်မူးစေခဲ့တာအမှန်ပါ
ဒါပေမယ့်
ခဏတော့ တို့ ဝေး ရ ဦး မယ်
( ခေဝံ့ခေ)
ကြိုးစားပါဦးမည်
ိ
်
No comments:
Post a Comment