'ရှင့်ကိုချစ်တယ်' (ဝတ္ထု တို)
ကြောက်စရာမကောင်းလှမှန်းတော့သိပါသည်
သို့သော်... ကြောက်စိတ်ကဖြေသိမ့် မရ.ဒီညနဲ့ဆို
ဒီအိမ်မက်ကို မက်တာလေးကြိမ်တိတိရှိပြီဖြစ်သည်..
ရယ်သံသာကြားရသော အရိပ်တစ်ခု...
စေးထန်းသောအထိအတွေ့ .. အမျိုးအမည်မသိ
သောအငွေ့များ... ထို့နောက် ကြောက်စရာကောင်း
သော အသက်ရှုသံ...ပုံဏ္ဍာန်တွေက ဘာရယ်မခွဲခြား
နိုင်လောက်အောင်ရှုပ်ထွေးလွန်းသည်....
အဆိုးဝါးဆုံးကခြေလက်တို့လှုပ်ရှားမရ သည့်
ခံစားမှုတစ်ခုပင်ဖြစ်သည်...အန္တရယ်သတ်ကွင်းမှ
စိတ်ကလက်ငင်း လွတ်မြောက်လိုသော်လည်း
ချက်ချင်း မရွေ့လျားနိုင်သော ခန္ဓာသည်မည်သည့်
အရာကြောင့်ပါနည်း...
စဉ်းစားရင်းဦးနှောက်ခြောက်လာမိသည်...
သူရူးနေပြီလား သို့မဟုတ် စိတ်ကစင့်ကလျား
ရောဂါခံစားနေရသည်လား မကွဲပြားတော့....
ဆေးလိပ်တစ်လိပ်ကိုမီးညှိရင်း...အတွေးနယ်
ချဲ့ နေမိသည်..ဘာလိုလိုနှင့် သူအိမ်အပြင်မထွက်ဖြစ်
သည်မှာအတော်ကြာပြီပဲ....
လက်ဖေ့ရည် ဆိုင်ထဲမှာလေကောင်းလေသန့်
မရနိုင်မှန်း သူသိခဲ့ပြီဖြစ်သည်...အတင်းလေ ..
သတင်းလေ..ကောလဟာလ လေ..သွားပုပ်လေလွင့်
လေ...စသည့်လေပေါင်းများစွာသည် သူ့စိတ်ကို
မွန်းကြပ်စေခဲ့သည်...
ကိုယ့်ကိုယ်ကိုယ်သာဗဟိုပြု စဉ်းစားတတ်သော
လူတွေကြားမှာ သူ့နှလုံးသားက မပျော်ပိုက်တော့
အရာရာသည်..ရှေးဟောင်းမီးရထားတွဲလိုပျင်းအိလေး
တွဲ့စွာ.....
အိမ်အပြင် မှာတော့ဆောင်းညလေက
တဟူးဟူးတဟဲဟဲ သရဲတစ်ကောင်လိုတိုက်ခတ်နေ
မှာသေချာ သည်...ပြတင်းတံခါးတို့ကို ဖွင့်ချင်သည့်
စိတ်ရုတ်တရက်ဖြစ်ပေါ်လာမိသည်..,.တပြို င်နက်
လည်း ဖွင့်ရမှာ တစ်စုံတစ်ရာလေးလံဖိစီးထားသလို
ခံစားမိသည်....
'ငါဘာဖြစ်နေတာလဲ...'
'အိပ်ရေးပျက်ညတွေများလို့လား'
'ဒါမှမဟုတ်........ဟို....'
သူဆက်မတွေးချင်တော့....
ဟို...ဆိုသော စကားနောက်တွင် သတိမရချင်သော
အကြောင်းအရာများစွာက ကပ်ပါလာခဲ့ပြီ ..
'သွားပါစမ်းကွာ..'
'ခွမ်း '
အလိုမကျ မှုကြောင့်ရမ်းလိုက်သောလက်
သည် ဖန်ခွက် တစ်လုံးကိုဘဝပျက် သွားစေသည်
'ရှင့်ကြောင့်ကျ မဘဝပျက်ခဲ့ရ သလိုမျိုး....'
အငြိုး ကြီးလှသောစကားသံ သည်နံရံတွင်
ပဲ့တင်ထပ်နေ၏...
'မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ..'
သူရူးသွပ်စွာငြင်းဆန်မိလေသည်
+ + + + + +
အရေခွံ ပါးသော ကန်မျက်နှာပြင်သည်
လေကြောင့် လှိုင်း ထန်လျှက်ရှိလေသည်
' မောင်......... ကျ မ မှာ မောင်နဲ့..'
'ငါမသိဘူး နွေ......
ငါမင်းကို လက်ထပ်လို့မရဘူး'
'ဘာ.....'
'ငါ မိဘ ပေးစားတာယူရမယ် '
'ဒါဆို ဘာဖြစ်လို့ကျ မ အပေါ် ယုတ်မာခဲ့
တာလဲ ......ရှင်... '
ဖြူ စင်ဝင်းမွတ်နေသောမျက်နှာသည်
ရုတ်ချည်း ပန်းရောင်ပြောင်းလာသည်...
မိန်းမသားတစ်ယောက်၏ရှက်စိတ်.....
'အဲ့ဒီအတွက်ငါတောင်းပန်ပါတယ်
မင်းလိုသလောက်ငါပေးမယ် ဒီကိစ္စကို မေ့လိုက်ပါ'
'ပိုက်ဆံတွေအတွက် မောင့်ကို ချစ်ခဲ့တယ်ထင်တာလားမောင် ......'
သံယောဇဉ်မပြယ်သောစကားသည်
သူ့နှလုံးသားကို နေရခက်စေသည်..
'မင်းနဲ့ငါကြားမှာဘယ်သူမှမမှားပါဘူးနွေ
နှစ်ဖက်တီးလို့မြည်ခဲ့တာပဲ....'
'ရှင် နဲ့ ကျ မ ရဲ့ကြားကမမှားဘူးဟုတ်လား
အဟင်းဟင်း ကြားကမမှားပါပါဘူး ရှင်ကိုယ်တိုင်
ကအမှားပဲ ..
(တိတ်ဆိတ်မှုအနည်းငယ်ခြားသွားသည်)
ရပါတယ် ကျ မဘာမှမတောင်းဆိုတော့ဘူး
ဒါပေမယ့် ကျ မ ဘဝ ပျက်ခဲ့ရ သလို မျိုး ....'
+ + + + +
'ဝုန်း'
သူသည်းမခံနိုင်စွာ ခုံကို ပိတ်ကန်ပစ်
လိုက်သည်.....
ဗြဟ္မာစိုရ်တရားလေးပါးထောက်ထားသော
ခုံမှာကုတင်ခြေရင်းဆီလွင့်ထွက်သွားလေသည်
'ငါပြောတာနားထောင်စမ်းပါနွေ
မင်းမမိုက်ချင်ပါနဲ့'
'လုံးဝပဲမောင် နွေကဗျာဆိုတဲ့မိန်းမဟာ
ဘယ်တော့မှအလျော့မပေးတတ်ဘူး'
'တောက်!'
'ကျ မရှင့်မင်္ဂလာပွဲကိုဖျက်မယ်...'
'မင်း.....'
'သတ်လေ သတ္တိရှိရင်သတ်လိုက်ပါ....
သတ်လိုက်လေ...'
နမ်းရှိုက်ဖူးသော လည်ပင်းများအား
သန်မာသောလက်ဖြင့်ဖျစ် လိမ် ရက်စက် လိမ့်
မည်ဟုသူမတွေးမိလိမ့်မည်မဟုတ်ပေ.....
ပြင်းထန်သောအသက်ရှုသံကြားရသည်
အားကိုမလျော့ ..နာကျည်းစွာကြည့်သောမျက်ဝန်း
မှမျက်ရည်တို့သည် သူ့လက်ပေါ် ကျဆင်းသည့်တိုင်
သတိမဝင်နိုင်သေး...
လေးကျ လာသောခန္ဓာကိုယ်အရှိန်ကိုမထိန်း
နိုင်တော့မှသူ့လက်ကိုလွှတ်လိုက်မိလေသည်..
ပုံလျက်ကျသွားသောခန္ဓာမှပြူးကျယ်ဝိုင်းစက်
နေသောမျက်လုံးများကိုမြင်လိုက်ရသည်
'သေပြီ....သူသေသွားပြီ
ငါဘယ်လိုလုပ်ရမလဲ ငါ
အား..........'
+ + + + +
သူ့အတွေးတို့ကို တစ်စုံတစ်ယောက်ရိပ်မိ
သွားပြီလားဟုစိုးထိတ်မိသည်...
ညသည်ပကတိတိတ်ဆိတ်နေသော်လည်း
သူ့စိတ်သည်မတည်ငြိမ်နိုင် ..
ခွေယိုင်ချိ နဲ့စွာ အားအင်မဲ့လျှက်ရှိ
သည်....
ကိုယ်မှားခဲ့ပြီနွေရယ်......
'မောင်.......'
'ဟင်...'
ပိတ်ထားသောပြတင်းတံခါးတို့သည်
မည်သည့်အချိန်ကတည်းကပွင့်နေခဲ့သည်မသိ
မိန်းမတစ်ယောက် ၏အရိပ်သည် သူ့
ရှေ့တွင် တည်ငြိမ်စွာရှိနေပေပြီ...
'အဟင်းဟင်း မောင်ကသိပ်ကြောက်တတ်
တာပဲနော် မောင့်ရဲ့ချစ်သူ ပါမောင်ရဲ့
မကြောက်ပါနဲ့ အဟင်းဟင်း ....'
'မလာနဲ့လေ မင်းမလာနဲ့ တစ္ဆေမ '
အတင်းအကန်ငြင်းဆန် ရင်း နံရံနှင့်သူ
ကျောချင်းကပ်မိသည်...
ပုပ်အက်ညှီထွေသောအနံ့သည်နှာခေါင်း
တွင်းသို့အလုံးအရင်းတိုးဝင်ပြေးလာ၏
တရစပ်မြန်နေသောနှလုံးခုန်သံကိုသူပြန်
ကြားနေရသည်...မောပန်းကြီးသောအသက်ရှုသံ
'မောင်ရဲ့အချစ် ဆုံးလေ မောင်ရယ်
မောင်နဲ့မခွဲနိုင်လို့ပါ...'
'မဟုတ်ဘူး မ ဟုတ်ဘူးလေ မင်း
သေပြီ မလာနဲ့ မလာ.....'
သောက်လက်စဆေးလိပ်၏အငွေ့တို့
သည် သူ့အားပို၍ အသက်ရှုကြပ်စေသည်
နွဲ့ပျောင်းသောအရိပ်အောက်လက်ချောင်းများက
ရုတ်တရက်ရှည်ငေါထွက်လာသည်..
'အား.....မလာနဲ့ မလာနဲ့သွား..'
'အဟင်း ဟင်း 'ံ
စေးထန်းသောအထိအတွေ့နှင့်
အတူအရိအရွဲများပါသောချွန်မြသည့်အရိုးလက်၏ဖျစ်ညှစ်ခြင်းကိုသူခံလိုက်ရသည်....
'ငါတောင်းပန်ပါတယ် ငါတောင်းပန်..'
'ကျ မ ဘဝ ပျက်ခဲ့ရသလိုမျိုး...'
'အား......'
+ + + + +်
ကြောက်စရာမကောင်းလှမှန်းတော့သိပါ
သည်.... သို့သော်ကြောက်စိတ်ကိုဖြေသိမ့်မရ..
သည်ညနဲ့ဆို ဒီအိပ်မက်ကိုမက်တာ .....
ငါးကြိမ်တိတ်ရှိပြီဖြစ်သည်.....
မနက်ဖြန် ....
****** ********
(နှစ်နှစ်ခန့်ကြာသော် ......)
အခန်းရဲ့ပြတင်းတံခါးလေးကို
ဖွင့်လိုက်တဲ့အခါလေညှင်းဟာကျမကိုဆီးကြို ပြေးဖက်တယ်.. အေးစက်မှုနဲ့အတူ ကယောင်
ကတမ်းနူတ်မြည်တမ်းမိတာက မောင် ဆိုသောသူ
ရယ်ပါ...
လေပြည် အနှော့ မှာဆံနွယ်ကြော့တွေကို
မောင် ဖြည်လျော့ရင်း မမွှေးကြူ ခဲ့တာကြာပြီ
ပေါ့...ဘယ်လောက်ပဲ ချမ်းအေးနေပါစေ..
မောင့်ရင်ခွင်လောက် ဘယ်နွေးထွေးမှုမှအရာ
မထင်ပါဘူးလေ....
မောင်....
နှလုံးသားထဲ ကမောင်...ရေ
ကျ မ အမုန်းဆုံးကျမချစ်သူ...
အခုတော့သူဘယ်ရောက်ပြီလဲမသိ...နောင်တ
တွေ မရှိ တဲ့ကမ္ဘာမှာမောင့်ကိုပြန်မြင်ချင်သေးပါ
တယ်..မောင်ရယ်....သံသယတွေပစ်ပေါက်ရင်းကတောက်ကဆဖြစ်ခဲ့ကြတာ...
ဒါတွေဟာ ဝဋ်ကြွေးပါလို့လား
ဆုတောင်းမှားလို့လား...
ဆုံးစည်းဖို့ကံ ....,အကုန်မြန်လို့လားမောင်
ရယ်.....
"ဇာတ်ဆရာအလိုကျ
ငါကပြခဲ့တယ်...
ဘီလူးဆိုင်းတီးပြီး
နှစ်ပါးသွားခရီးမလျှောက်ချင်ဘူး...
လက် မကောင်းလက်ဖြတ်
ခြေ မကောင်း ခြေဖြတ်
ကျမကအဲ့သလိုရက်စက်တယ်...့ 
လှည့်စားမှု ဝဲဂယက်ထဲက
ပျားရည်တစ်စက်ကိုမတပ်မက်ဘူး
ကိုယ့်ဇက် ကိုယ် သတ်
ကိုယ့်အရှက်အတွက်ကိုယ်အဖတ်ဆည်
ဘဝကိုလွယ်လွယ်အရှုံးမပေးခဲ့...
ဘယ်သူလက်မှထိုးမအပ်နိုင်လို့
မောင့်ကိုလေ....,
ကျ မ ကိုယ်တိုင်.......
်
သတ်
ခဲ့
တယ် "
(ခေဝံ့ခေ)
ကြိုးစားပါဦးမည်
်
Wynn Las Vegas - Hotel & Casino - JAMHub
ReplyDeleteFind all 수원 출장마사지 information and best deals of Wynn 경상북도 출장샵 Las Vegas in Las 사천 출장안마 Vegas, NV, United 평택 출장샵 States and 영주 출장마사지 other hotel deals from JAMHub, the world's leading virtual travel