ရပ်ကွက်ထဲ မှာ မောင် ခေ ဆို မသိသူမရှိ..
ပိုက်ဆံဘယ်လောက်ပဲရှိရှိ မောင်ခေတဲစုတ်ရှေ့
မျက်နှာငယ်လေးနှင့်မတ်တပ်လာရပ်ရမြဲဖြစ်သည်
အဲ့သလောက် အကြွေးထူတဲ့သူ.
သို့သော် မည်မျှပင် အကြွေးရှိစေကာမူ ဟန်က
ဖြင့်တစ်စက်လေးမှလျှော့တတ်သူမဟုတ်ချေ..
မကောင်းပြောစရာဟူ၍အရက်သောက်တတ်
သည့်အကျင့်ကလေးအပြင်ကျန် တာအားလုံးအကုန်
လုပ်သည်ဖြစ်ရာတစ်ရွာလုံးကအော့ကြောလန်ရသည်
"ခင်များ အကြွေး ဘယ်လောက်လဲ..."
" သုံးထောင့်လေးရာ လေ ငခေ ရဲ့...
"နည်းတာပေါ့ဗျာ ဒီလောက်လေးနဲ့ အိမ်ရှေ့ထိ
လာတောင်းတာ သူဌေးသိက္ခာကျ တာပေါ့"
"အွမ် "
သူပြောသလိုဆို သိက္ခာရှိရှိအကြွေးတောင်းရ
အောင် ပိုက်ဆံပဲ ထပ်ထုတ်ပေးရတော့မလိုလို...
"မဟုတ်ဘူးလေ ငခေ ရယ် အန်တီမင်းကို
ချေးတာလည်းကြာပြီလေ...."
" အကြွေးဆိုတာထီပေါက်တဲ့အိပ်မက်လိုပဲ နှစ်ချို လေ စွဲလမ်းစရာဖြစ်တတ်ပါလားနော်"
ဘယ်ကစကားတွေ ကြားဖူး၍ဘာတွေပြောမှန်း
တော့မသိ သူဟာ သူပြောကာ သဘောကျ
စွာရယ်မောနေပြန် ၏
ဒါပေမယ့်အဆန်းတော့မဟုတ် ...အကြွေးရှင်
လာလျှင် ဒီလိုပဲ ခေါင်းကုတ် ဖင်ကုတ် နှင့်
ငခေရူးကြောင်ကြောင်လုပ်တတ်မှန်း ကလေးတွေတောင်သိကြသည်........
ကလေးများကစားဝိုင်းတွင် ..တစ်ယောက်က
ဟေ့စိန်ပြေးလိုက်တမ်းကစားရအောင်ဟုဆိုလျှင်
ဟာအဲ့ဒါဂျီးဂ ရိုးနေပီ...အကြွေးတောင်းတမ်းပဲဂချား
မယ်..ဟုပြောရသည်အထိပင်ဖြစ်ခဲ့ရပြီ...
တစ်ရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ်
တော့ တချို့ မှာရှက်ပြီးမတောင်းတော့ *ငခေကတော့
ပြောင်ပြောင်ပင်.....ဗြောင်လိမ်ဗြောင်စားသည့်
နေရာတွင် ဆရာမကူ ပဲဆရာတစ်ဆူဖြစ်နေ၏
ဘေးမှရင်းနှီးသူများက
"ဟဲ့ငခေ နင် လည်းအလုပ်လေးဘာလေး
လုပ်ပြီး...သူများအကြွေးဆပ်ပါလားဟုဖျောင်းဖျ
လျှင်ပင်
" ဟီးဟီး ယူထားတာတွေများတော့ အသက်ထွက်
တာတောင်ကြေမှာဟုတ်ဖူးဗျ "ဟုစောဒကတက်တတ်သူဖြစ်သည်.....
သို့သော်.....
ကံကြမ္မာဆိုတာကဆန်းကြယ်လွန်းလှပါသည်
နွားရိုင်းသွင်းချိန်တိုင်းပုဆိုးကွင်းသိုင်းဖြင့်
အိမ်ပြန်တတ်သူ....
ရေပတ်လည်ဝိုင်းတာကျွန်း အကြွေးပတ်လည်
ဝိုင်းတာငခေ ဖြစ်နေသောသူ...
ဆွေးမျိုး မရှိ တစ်ကောင်ကြွက် တဲအိုပျက်တွင်အမြဲတမ်းပျင်းရိနေတတ်သူ....
သူသည်...
မှော်ဆရာ ၏ပဉ္စလက်ဖြင့် ဖန်ဆင်းထား
သောကြွေရုပ်ကလေးကိုရင်ဘတ်ထဲသိမ်းထားခဲ့မိ
သည်မှစ၍...
မကွယ်ဝှက်တမ်းပြောရလျှင်
တစ်စုံတစ်ယောက်အပေါ် ချစ်မြတ်နိုးမိခဲ့သည်မှစ၍.......
.......
ထိုအကြောင်းအရာသည်ပင် ကျနော်ရေး
သားချင်နေသော "ရင်ကွဲအထီးကျန် "
ဝတ္ထု တိုပင်ဖြစ်ပါတော့သည်.....
+ + + + +
"ထန်းပင်ကျရည် ..ထန်းပင်ကျ ရည် ...
ဘူဒိုဇာ နဲ့ ထိုးမယ်လေ....ဟိဟိ "
ရွာပြင်လမ်းအတိုင်းသိုင်းကွက်နင်းလာသူတစ်
ယောက်... ဘယ်သူလဲဆိုတာသိလောက်ပါပြီနော်
"အချစ် ဆိုတာဟာ နတ်စင် က ကြက်ကြော်လို.."
ပါးစပ်ထဲပေါက်ကရသီချင်းများသီဆိုရင်း ငခေမူး
လာလေပြီ...
"ဟာ ဒီကောင်တော့သေတော့မှာပဲ...."
လှည်းတစ်စီးမှာရွာတွင်းသို့
အရှိန်ပြင်းပြင်းပြေးဝင်လာလျှက်ရှိလေသည်...
ငခေကတော့အေးဆေးပင်..သီချင်းဆိုမပျက်
တစ်လမ်းလုံးဖြန့်ကျက်ကာသိုင်းကွက်နင်းမြဲနင်း
နေ၏
မရတော့ ...ဆက်သွားလျှင်တိုးတော့
မည်မို့နွားဇက်ကြိုးကို ဦးလုံသတ်လိုက်ရတော့သည်..
"ကျွီ"
"အို အမေ့"
တုံ့ခနဲ့ လှည်းရပ်သွားသဖြင့် မြနန်းနွယ်
ယောင်ယမ်းအော်မိသည်.. နွားလှည်းအကြောင်း
လွှမ်းမိုးသီဆိုသွားတာ မလွန်ဟုလည်းတွေးထင်မိသည်
လှည်းပေါ်မှာမတ်တပ်ရပ်ပြီး တစ်စုံတစ်ယောက်ကို
အဖေလှမ်းအော်နေသဖြင့်သူမလှမ်းကြည့်လိုက်မိ၏
ဘောင်းဘီပါမှန်းမပါမှန်းတော့မသိ ပုဆိုးကွင်း
သိုင်းဖြင့် ဖင်တစ်ပိုင်းပေါ်အောင်မူးနေသောလူ
တစ်ယောက်....
အရပ်ကတော့ရှည်သည်ဟုပြောရမည်..(မှတ်ချက်..
မိန်းကလေးအတော်များများသည် ယောကျာ်းလေး
များအားအရပ်ကို အရင်စူးစမ်းလေ့ရှိသောကြောင့်
ဝတ္ထု ထဲတွင် ငခေ့အရပ်ကိုရှည်ထွက်အောင်ပြု ပြင်
လိုက် ရပါကြောင်း ::ဆိုင်ဆိုင်မဆိုင်ဆိုင်::ခ်ခ်)
"သြော် ဘူများလဲမှတ်တယ် ကြွေးရှင်ဦးလုံ
ဦးလုံကြွေးရှင် ရှင်ကြွေးလုံဦး ကြွေးဦးလုံရှင် .."
"တော်တိတ်....!"
အရေးထဲစကားလေးလုံးကိုပတ်ချာလည်ရိုက်
နေသည်မို့ဦးလုံအော်ငေါက်ရလိုက်သည်...
"မောင်ခေ မင်းရှေ့ကဖယ် စမ်း ဒီမယ်ငါ့သမီး
မြို့ ကနေဘွဲ့ယူ ပြန် လာတာ သွားကြို တာ "
အခွင့်သာခိုက် ကြွားလိုက်ရသေး၏
ဦးဦးဖျားဖျားကြွားစရာဆိုလို့ငမူးသမားတစ်
ယောက်ပဲရှိသည်ကိုး......
"ဗျာ...ဦးလုံသမီး ဟုတ်လား...မှန်းပြစမ်းပါဦး"
လှည်းဘီးဝိုင်းကို မှီတွယ် ရင်းလှည်းပေါ်သို့
ငခေပြူးပြဲလိုက်ရှာသည်...
"အမ် ဘယ်မှာတုန်း"
"ဟိတ်ကောင် ဟိတ်ကောင်ဒီလောက်ဆို ရပြီ
ဖယ်ဖယ် မမှောင်ခင် ရွာထဲရောက်မှ...."
တွေ့လိုက်ရပါသည် ..နေဝင်ရီတရောမှာ
သူနှလုံးသားကိုပယောဂဝင်ပူးသလိုခံစားလိုက်ရ
ပြီဖြစ်သည်...လှ ရက်လွန်းသောကြွေရုပ်ကလေး...
+ + + +
"ကြွေရုပ်ကလေး ကြွေရုပ်ကလေး...ရေ"
တစ်ချပ်တည်းသာရှိသောကြွေ ပန်ကန်းပြားကိုရင်မှာ
ပိုက်ကာ စိတ်ကူး ယဉ် အရူးထနေသူမှာ
ဘယ်သူရှိအံ့နည်း
ဟုတ်၏ .. မလွဲဧကန် ငခေ အမှန်ဖြစ်ပါသည်
" မိုးနဲ့မြေဟန်
ဆုံရန်ကံကြောင်း
မပေါင်းဖူးစာ
စ မှာထဲကရှိနှင့်ပြီ "
ကဗျာလိုလို စာလိုလိုရွတ် ကာ ထမင်းမစားသေးပဲ
တရွတ် တိုက်ဆွဲ လျက် သူလွမ်း နေမိ၏...
သည်အဖြစ် ကိုမြနန်းနွယ် သာမြင်လျှင်...
"သွားပြီ တစ်ယောက်တော့ စိုင်းစိုင်းခမ်းလှိုင်လို
ကျွတ်ကြဲပြီးဂေါက်သွားပြီဟုပြောမလားမသိ"
"မယုံဘူး
ကြုံ ဖူးမှ ရူးပြီးနန်းနွယ်ရေ....
အလှမ်းရယ်ခက်
အနမ်းမလွယ်တာသိရက်နဲ့
အခက် တွေ ပွေ
မျက်ရည်တွေစွတ်စိုရပြီကွယ်"
"ငခေ ငခေ ငခေ ဟာ ခေါ်မကြားအော်မကြားနဲ့
သေပြီလားလို့ငါ့ကောင်ရာ...."
"အမ် ဘာကိစ္စရှိလိုလဲ့ ဦးဖိုးကျော် "
ရွာဦးကျောင်းမှကပ္ပိယကြီးဦးဖိုးကျော်ဖြစ်
သည်....
"မနက်ဖြန် ကျောင်းမှာအလျှူ ရှိတယ် အဲ့ဒါထင်း
တွေလာခွဲပေးဦး...ဆရာတော်မင်းကိုမေးနေတယ်"
"ဟ လာရမှာပေါ့ဗျာ အရက် သမားဆိုပေမယ့်
လျှု ရေးတန်းရေးတော့လက်မနှေးပါဘူး ငွေအား
မရှိပေမယ့် သိတယ်မလား လုပ်အားကတော့
အသင့်ပဲ.."
"အေးပါကွာ"
"ဒါနဲ့နေပါဦး ဘယ်သူ့အလျှူ တုန်း"
"ရွာထဲက ဒေါ်ငွေယုံ မိသားစုလေကွာ"
"ဟာ ဒါဆိုသူ့ယောကျာ်းကဦးလုံပဲ"
"အေးလေ ဒါများအထူးအဆန်းလုပ်လို့"
"ဟာ ဒါဖြင့် သူ့သမီးကမြနန်းနွယ်,,"
"ဟေ....."
ဒီတစ်ခါပါးစပ်ကြီးပြဲကာအံ့အားသင့်သွားသူမှာ
ဦးဖိုးကျော်ဖြစ်လေသည် ..
+ ++ + +
အရင်တုန်းကနှင့်မတူ သွက်လက်
စွာ အလုပ်လုပ်လျှက်ရှိသောငခေ့ ကိုဆရာတော်
ကလှမ်းကြည့်ရင်းမှမှတ်ချက်ပြု သည်
"အိမ်း ဒကာငခေတောင် ပေပေတေတေ
မဟုတ်တော့ပါလားကွဲ့"
"မှန်လှပါ တက်ကြွနေတာများ
ကြက်ဖကြီးကျနေတာပဲ ဘုရား"
"ဒေါက်..."
"အား "
ငခေနှင့်သောက်ဖော်သောက်ဖက်ဇင်ကို့ အော်သံဖြစ်သည်..မူးဆတ်ဆတ်နှင့်စကားမပြော တတ်ပဲဘုန်းကြီးကိုဘယ်လိုသွားလျှောက်သည်မသိ..ဆရာတော် တောင်ဝှေးဖြင့်ခေါက်လိုက်သည်ကို
မောင်ခေလှမ်းတွေ့လိုက်ရသည်...
"ဟဲ့ငဇင်ကို မူးနေရင် ဘုန်းကြီး
ကျောင်းထဲမလာနဲ့ သွား အပြင်ထွက်နေ..
သူများတွေအလျှု အတွက်အလုပ်လုပ်နေတယ်"
"တင်ပါ့ အဲ့ဒါဆို တပည့်တော် အပြင်ပြန်
ကြွ အဲ လေ အပြင်မှာပဲနေ ပါ့ မယ် ဘုရား"
"အေးသွား ပြီးမှငခေ့ကို လွှတ်လိုက်မယ်"
ဘုန်းကြီးတောင်ဝှေးစာမိသွားသဖြင့် ဇင်ကို
ခမျာ သုတ်သီးသုတ်ပြာကျောင်းပြင်သို့ထွက်ခွာ
သွားရ၏...အပြင်ရောက်မှ....
ညောင်ပင်အောက်တွင်စောင့်နေမှာဖြစ်ကြောင်း
ငခေ့ကိုအချက်ပြသည်မောင်ခေခေါင်း
ညိတ်ပြလိုက်သည်....
-- -- -- --
"ဒကာကြီးဦးလုံတို့ပါလားလာကြလာကြ"
ဦးလုံ.....ဆိုပါလား မြနန်းနွယ်ရောပါလားမသိ
ဘူး...
မျှော်နေသောအသံဖြစ်သဖြင့်...
မောင်ခေ ထင်းခွဲနေရာမှခိုးကြည့်မိ
သည်.. ဟော ..တွေ့ရပါပြီသူရဲ့ကြွေရုပ်ကလေး
ဆံမြိတ် နှစ်ဖက်ချ ထားကာ ပါးကွက်ကြားဖြင့်
လှရှာလွန်းပါသည်
"မျက်ဝန်းချင်းဆုံ
ကိုယ်ရင်ခုန်သွာံး
နှလုံးသားထိ
မြတ်နိုးမိပြီ..
နန်းနွယ်မည်သောကြွေရုပ်ကလေး..".
ကိုယ့်ကို ကြည့် တော့
မှတ်မိသွားမှာပေါ့ မြနန်းနွယ်
ပန်းစံပယ်လိုဖြူ စင်လွန်းတဲ့မင်းဟာ
ဘာကြောင့်များပြုံးပြသွားပါလိမ့်...
ငမူးဆိုပြီ သရော်ချင်လို့လား...
အရူးကိုပဒိုင်းသီးကျွေးချင်လို့လား
ဒီမျက်ဝန်းတွေနဲ့မလှည့်စားပါနဲ့ကွယ်...
ခက်လွယ်လွယ်ချိုးရင် ကျိုးမယ့်
ပြောင်းဖူးမျိုးမှမဟုတ်တာပဲ
ငခေလည်းအသည်းနဲ့လူပါကွယ်
+ + + + +
အလျှူ တစ်ခုမှအစပြု ကာရင်နှီးမှုလေးတွေ
ငခေရယူနိုင်ခဲ့သည်...ပျော်လိုက်သည့်ဖြစ်ခြင်း
နောက်နေ့များတွင်အရက်ကို အရှင်း မပြတ်သေးပေမယ့်နည်းနည်းတော့သူလျော့
သောက်တတ်လာသည်.
အသေးအမွှားကြွေးဇယားလေးတွေပင်သူဆပ်
နိုင်ခဲ့ပြီ...ပြောင်းလဲမှုမြန်ဆန်ကာ လူသဏ္ဍာန်ပြန်
ပေါက်လာသောငခေ ကို အားလုံးမှင်သက်အံ့သြ
ကုန်ကြ၏ ဘာတတ်နိုင်မှာလဲလေ ဒါအချစ်ရဲ့စွမ်း
အားတွေပေါ့...
အရိပ်တစ်ခုရဲ့အနောက်တစ်ကောက်
ကောက်လိုက်နေရလျှင်သူကျေနပ်သည် ဘယ်လို
ပင်အောက်ကျအောက်ကျ ချစ်ရသူထံတွင်ဒူး
ထောက်ရသည်ကိုသူပျော်ပါသည်.....
ဦးလုံကတော့ မျက်စောင်းတခဲခဲဖြင့် သူ့သမီး
နှင့် တပူးတွဲတွဲ ကပ်လျက်ရှိသောငခေကိုမျက်စိ
နောက်လျှက်ရှိ၏ သို့သော် ဆရာတော်၏ အား
ထားရသောကျောင်းသားဖြစ်သည်ကတစ်ကြောင်း
ငမူးသမားဆိုပေမယ့် ရိုးသားသည်ကိုသိ၍တစိ
ကြောင်း သူ့သမီးမြနန်းနွယ် က ဒီလို အကောင်
မျိုးကိုကြို က် မည်မဟုတ်ယုံ ကြည်သည်ကတစ်
ကြောင်း ,စသည့်အကြောင်းကြောင်းတို့ကြောင့်
အလျှူ အတွင်းကူညီခဲ့သည် မျက်နှာများကို
ထောက်၍ ဝစီ ပိတ်ကြိတ်ဆဲနေလေသည်
အခုလည်း ..ညောင်ရေသွန်းပွဲ ရှိသည်ဆို
ကာ မိန်းကလေးတစ်သိုက်ထဲ ငခေ လည်း
ယောယောင် ကပ်တွယ်နေလေသည်
"ဟဲ့ ငခေ နင်ကဒီမှာဘာလာလုပ်နေတာ
လဲ"
"အေးလေ ထန်းတောထဲမသွားပဲ ဒီမှာ
ဘာလုပ်နေတာလဲ"
"အဟီး နင်တို့ကို ကူညီမလို့ပေါ့ဟ"
"အမလေး အကြောင်းမသိခက်မယ်
ဒီမယ်ငခေ ဒါဂျ ပန်ခေတ်မဟုတ်တော့ဘူး
မသိရင်မှတ်ထား...ပြည်ထောင်စုသမ္မတမြန်မာ
နိုင်ငံတော် ဖြစ်နေပြီ ..နေရာတကာဝင်ပါမနေနဲ့"
မိအေး၏ ခပ်ပြတ်ပြတ်အပြောကြောင့်မြနန်း
နွယ် ကသူ့ကိုအားနာစွာတစ်ချက်လှမ်းကြည့်၏
အေးလေ ရှိပစေပေါ့
ကြို က်မရှက် ငိုက်မရှက် ဆို တာ
ငခေအတွက်စကားပုံထားခဲ့သလားမှမသိတာ
ကိုယ်နားလည်ပါတယ်မြနန်းနွယ်..
မင်းမျက်နှာ တစ်ချက်နွမ်းရင် ကိုယ့်အသည်း
တွေကျွမ်းသလို ပါပဲကွယ်....
တော်ပါပြီ ခဏယာယီ တော့
အသက်ရှည်ရအောင် ကြက်ကြော်နဲ့ထန်းရည်
သွားဂလု လိုက်ဦးမယ်လေ..အချစ်ဆုံးရေ
တာ့တာ
"ဟုတ်ကဲ့ အဲ့ဒါဆို ကျနော်သွားမယ်နော်
မြနန်းနွယ်.."
"ဟုတ်ကဲ့ပါ ကိုခေ"
"ကြွ ကြွ နင့်လည်းဘယ်သူမှဆွဲ မထားဘူး "
ချစ်သူမျက်နှာကပြုံးစစဖြင့်ကျန်ခဲ့၏
သူကတော့ ထန်းတောသို့....
+ + + + + +
"ကျနော် မြနန်းနွယ်ကို ချစ်တယ်"
"ရှင် ....."
"ဘာလဲ အံ့သြသွားလို့လား...ဟင်"
"သိပ်တော့မအံ့သြပါဘူး.."
"ဟာ ဒါဖြင့် မြနန်းနွယ်က ကိုယ့်ကို ချစ်တယ်
ပေါ့"
"အမ် "
"ပျော်လိုက်တာနန်းနွယ်ရယ်... "
"ဘာရှင့် ဘယ်သူကရှင့်ကိုချစ်တယ်ပြော
လို့လဲ....အမဲရိုးမှဟင်းအိုးအားမနာရှင်
ခွေးကလေးအရောဝင် ဖင်နှံ့ ခေါင်းနှံ့ ပဲ
အဖေပြောတာသိပ်မှန်တယ်"
"ဗျာ......"
ထွက်ကျ လာသောစကားလုံးတို့သည်
မျှော်လင့်ထားသည်နှင့်တခြားစီ....ဲ
ဤမျှထိ ကြမ်းတမ်းစွာတုံ့ပြန်လိမ့်မည်ဟု
သူလုံးဝထင်မှတ်မထားခဲ့ပါ
"နန်းနွယ်အဖေက ဘာပြောလို့တုန်း "
"လူတွေက အခွင့်အရေးရရင်လက်တစ်ဆုံးနှိုက်တတ်တယ်တဲ့..."
"ဗျာ...အဲ့သလောက်ကြီးတောင်,,,"
"ရှင့်ကို သနားလို့ကျမအရေးပေးဆက်ဆံခဲ့
တာပါ ဒါကို ရှင်မစော်ကားသင့်ဘူး...
ပြီးတော့ ကျမမှာလည်း လက်ထပ်ရမယ့်သူရှိ ပြီး
သား...အဲ့ဒီတော့ရှင့်စကားတွေပြန်ပြင်လိုက်
တာကောင်းလိမ့်မယ်..ကိုခေ..ဒီလိုမဟုတ်ရင် ရှင်ဘယ်တော့မှကျမနဲ့ခင်မင်ဖို့မစဉ်းစားပါနဲ့
တော့ ကျမဝမ်းနည်းစွာနူတ်ဆက်ပါတယ်"
သွားပြီ....
အဲ့ဒါမှသောက်ရှက်လုံးလုံးကွဲသွားခြင်း
ဖြစ်သည်...ဘယ်လိုမျက်နှာဖြင့်သူမကိုရင်ဆိုင်
ရမှန်းပင်မသိတော့....
ဘုရားပေါ်သို့သူမလာစဉ် သူ,မစောင့်ထိန်း
နိုင်ပဲ ဖွင့်ဟမိသွားခြင်းဖြစ်သည်
ယခု တော့ လူမသိအောင်တိတ်တဆိတ်
ဆောက်တည်ထားခဲ့သောသူ့ကမ္ဘာငယ်လေးပျက်စီးသွားပေပြီ....
အတည်ပြောရလျှင် သူ့နှလုံးသား၏
တုန်ခါမှုသည် နီပေါငလျင်ထက်ပိုသွားမလား
ထင်မိ၏...အပျက်အစီးတွေများလွန်းသဖြင့်
ဖြေသိမ့်မှုဖြင့်မရောင့်ရဲနိုင် မျက်ရည် တွေဖြို င်ဖြို င်
စီးဆင်းလာခဲ့သည်..
ချစ်ရသူကတော့ နှင်းဆီခက်ကိုင်ထားသော
သူ့လက်ကိုတွန်းဖယ်ထွက်ခွာသွားခဲ့လေပြီ..
"ဒီဘဝ ဒီမျှ လမ်းခွဲ ကြမယ်
တို့နောက်တခါပြန်မဆုံအောင်လို့
ကြိုးစားပေးပါ့မယ်........"
ရင်ကိုထုတ်ခြင်းခတ်သွားပြီလား နူတ်ဆက်
တေး ကဗျာ ရယ်........
+ + + + + +
အစကတည်းက
နန်းနွယ်ဆိုတာကိုအလှမ်းမလွယ်မှန်းသူသိ
သင့်ခဲ့ပါသည်...အခုတော့
အကျွမ်းမဝင်ခင်ဇာတ်လမ်းဆင်မိ သဖြင့်
ရင်နင့်အောင်ခံစားရချေပြီ....
ခံပေဦးတော့ ငခေ...
တစ်ကောင်ကြွက် တစ်မျက်နှာ ဖြစ်လျက်
နဲ့ ဘဝမနာ အခေါင်ထိပ်ပန်း ကိုမှ ချု ချင်
စမ်း မျက်ကန်းပမာ ချစ်ခဲ့တာ
ဒါတွေအားလုံးမင်းအမှားပါငခေ....
မင်းအမှားပါ....
အရင်လိုအကြွေးသံသရာလည်နေပြီးမူးပေတေ
ခဲ့ရင် အရင်လိုပဲမင်းပျော်ရွှင်နေမှာပေါ့...
ချစ်ချင် ဦးလေ...မြတ်နိုးချင်ဦး.လေ
"အကိုင်းအခက် အရွက်မှသည်
ပင်စည် အမြစ် အသစ်ဖြစ်တည်
အချစ် သည် သူ့အားတစ်ဖန်မွေးဖွားခဲ့
သော်လည်း ဆိုးရွားစွာနာကျင်စေခဲ့ပြီဖြစ်သည်"
"အဲ့သလောက် လည်းမခံစားနေပါနဲ့ကွာ
ဟိုကဖြင့်မင်္ဂလာဆောင်တော့မှာပဲဟာ"
"မပြောနဲ့ကွာ.."
"မိအေးပဲကြို က်လိုက်ပါလားကွာ
အဲ့ဒါမင်းနဲ့လိုက်ဖက်တယ်"
သူအရမ်းအမြင်ကပ်သည့်မိအေးနံမည်ပါလာသဖြင့် မောင်ခေဒေါသထွက်လာသည်
"ဟေ့ကောင်ဇင်ကို...မင်းပါးစပ်ပိတ်ပြီး
အေးအေးဆေးဆေးသောက်ကွာ ငါညစ်နေတယ်"
"ဟားဟားဟား ပါးစပ်ပိတ်ပြီးသောက်မှ
တော့အကုန်အောက်ဖိတ်ကျကုန်မှာပေါ့ဟ ညစ်နေရင် ဖူဂျီ နဲ့လျှော်လိုက်ကွာ ငါကတော့
မင်းကိုမိအေးနဲ့ သဘူတော သဘောတူတယ်
ဟားဟားဟား"
"သောက်ရမ်းတော်တဲ့သူငယ်ချင်းကြီး
ဖြေသိမ့်တတ်လိုက်တာ ကဲကွာ..."
"ခွပ်..."
ငခေ ကလက်မြန်စွာ ဇင်ကို့ကို ထိုးချ လိုက်၏
မျက်နှာနှင့်လက်သီးမိတ်ဆက်ပြီးနှပ်ချီးအ
တောင့်လိုက်ထွက်သွားမှ ဇင်ကိုအရယ်ရပ်သွား
ပြီး ငခေကိုအံ့သြစွာကြည့်၏
"ဟျောင် မင်းငါ့ကိုထိုးတယ် "
"အေး ထိုးတယ်ကွာ... လူပါသတ်ချင်နေ
တာ"
"သတ်လိုက်ကွာသူငယ်ချင်း မင်းသတ်လိုက်
ကွာ ဟီးဟီး ..ငါက မကြည့်ရက်လို့ပြောတာ
ကို ငါ့ကိုထိုးတယ် ပေါ့ဟီးဟီးရွှတ်..."
မရတော့ ဇင်ကိုငိုလေပြီ..ငခေလည်းလုပ်ပြီး
မှစိတ်မကောင်း...ပြန်ချော့ရသည်
"ငါတောင်းပန်ပါတယ် သားကြီးရာ ငါမှား
သွားတယ်ကွာ ငါအရမ်းစိတ်ညစ် နေတာကို
မင်းက လာရယ်တာကိုး.."
"ငါ့ပါးစပ်နဲ့ ငါရယ်တာ မင်းပါးစပ် ငှားရယ်လို့
လား..ဝါးး ဟီးဟီး သူများကိုထိုးတယ်...ဟီးဟီး
ရွှတ်"
"အေး အေး အေးပါကွာ ငါတောင်းပန်ပါတယ်
ကွာနော်တိတ် တိတ်ရော့ဒီမှာကြက်ကြော်စား"
"အု အု ဟျောင် ဖြည့်ဖြည်းထည့် ပါးစပ်
ထဲကို အု ငိုးမတား..."
ဘာပဲဖြစ်ဖြစ်အချိန်တန်တော့ သည်နှစ်
ယောက်ပဲ တစ်ယောက်လည်ပင်းတစ်ယောက်
ဖတ်ပြီး ပုဆိုးကွင်းသိုင်း အိမ်ပြန် ရပါသည်
နေရီရီ..ညနေခင်းတွင်...သီချင်းပြို င်တူဆိုကာ
ကွေးနေအောင်ကရင်း....ဖြင့်သာ.....
+ + + + +
(နိဂုံး)
တစ်ခါတစ်ခါ ကျနော်တို့ဘဝတွင်
စိတ်ကူးနှင့်လက်တွေ့ တစ်ထပ်တည်းမကျသည့်
အဖြစ်များ များစွာကြုံ ရတတ်ပါသည်..
မျှော်လင့်ထားသလောက် ဆုံးရှုံးမှု
လည်းများတတ်သည်....ထိုအခါ အနားတွင်
နှစ်သိမ့်မည့်သူတစ်ဦးတစ်ယောက်တော့လိုစမြဲ
ဖြစ်သည်... ရင်ထဲရှိသမျှ ဖွင့်ဟ ရမည့်  သူမရှိ
လျှင်ဝေဒနာပိုဆိုးရွားသွားနိုင်၏
မောင်ခေ ကတော့ ဖြေသာခဲ့ပါသည်
အချစ်သည် ပိုင်ဆိုင် ရမှာမဟုတ်သည်ကိုသူနား
လည်ခဲ့သည်....ဤတစ်ယောက်အားချစ်၍
ဤတစ်ယောက်အားပေါင်းဖော်လိုခြင်းသည်
လုံးဝတိကျသောအချစ်စစ်တော့မဟုတ်.ပါ
ကွယ်မြု ပ်နေသော ရာဂမျှသာ...့
ငခေ က အရက်သမားဖြစ်သည် သို့သော်
နှလုံးသားရှိ၍ချစ်ခဲ့သည်... အချစ်သည်အချစ်သာ
ဖြစ်ပြီး မနီးစပ်နိုင်သောဘဝနှစ်ခု အတွက်သူ
မိုက်ရူးရဲမဆန်ခဲ့ပါ..နားလည်စွာစွန့်လွှတ်ခဲ့ပါသည်..ပိုင်ဆိုင်ရန် စွန့်လွှတ်ခြင်းသာဖြစ်ပြီး
ချစ်ခြင်းမေတ္တာကို စွန့်လွှတ်ခြင်းမဟုတ်၍
မြနန်းနွယ်အပေါ်သူချစ်မြဲချစ်နေခဲ့ပါသည်
ထန်းရည်လည်းသောက်မြဲသောက်နေခဲ့
ပါသည် ပုဆိုးကွင်းသိုင်းနှင့် ဖင်တစ်ပိုင်းပေါ်
အောင်လည်းမူးမြဲမူးနေခဲ့ပါသည်...အကြွေးလည်း
ထူမြဲထူနေခဲ့ပါ၏
အလိုက်သိတတ်သောသူ့စေတနာကြောင့်
သူ့အတွက် ထမင်းဖိုးတော့မရှားပါ..
အကယ်၍ငတ်ပါလျှင်လည်းဆရာတော်က
ကျွေးမွေးထားမည်သာ.....
ဟော ဟိုမှာငခေ လာနေပြီဗျ
ကျနော်သူအတင်းပြောတာရပ် လိုက်တော့
မယ်နော်....ဟီးဟီး
"အညာတောမှာပျော်တယ်ဆိုတဲ့မေရေ မေရေ
အညာမြေကိုမေ့လို့လား အညာသားကိုယ့်ကို
မေ့လို့လား ခွဲခွဲခြားခြားပြောပါမေရေ...."
"ဟိုလေ အကို့နံမယ် ကို ခေလားမသိ
ဘူး "
"ဟုတ်တယ် အာ့ ဘာဖစ်ရို့ရဲ..."
"အကိုအခုချိန်ထိမြနန်းနွယ်ကိုချစ်တုန်းလား
ဟင်.."
"မင်းကဘာကောင်မို့လာစပ်စုတာလဲ"
"ကျနော်က အစ်ကို့အကြောင်းရေးတဲ့
ခေးလေး ပါ"
" မြနန်းနွယ်ကိုချစ်သေးလားဆိုတော့ချစ်သေး
တယ်ပြောရမှာပဲကွ ဘာလို့လဲဆို တော့ အဲဒါ
ငါသောက်တဲ့ဆေးလိပ်နံမည်လေ...."
"ဗျာ......"
(ခေဝံ့ခေ)
ျီ
No comments:
Post a Comment