(၁)
" ယောက်ျားတွေကိုအထင်မကြီးလို့ကို
လုံးဝအိမ်ထောင်မပြု တာရှင်းပြီလား "
အဲ့သည်စကားကို မိုးလင်းမိုးချု ပ်
ဂါထာတစ်ပုဒ်လိုစွဲစွဲမြဲမြဲပြောသူမှာအခြားမဟုတ် ။
အသက်ဆုံးဆယ် တိုင်အောင် အပျို ကြီးဘဝဖြင့်
နေလာခဲ့သူကျွန်တော့်အန်တီလေးပင်ဖြစ်လေ
သည်
ဘယ်လိုအကြောင်းရင်းရှိ၍ ယောက်ျားတွေကို
အလကားနေရင်းမုန်းတီးနေသည်မသိရ
သော်လည်းကျွန်တော့်တို့ဘဝတစ်လျှောက်
လုံးတွင် အန်တီလေးသည်သူစိမ်းယောက်ျားများနှင့်
အရှုပ်အထွေးမရှိသည်ကတော့ အသေအချာ
ဖြစ်သည် ဖွားဖွား သူဇာ ရှိစဉ်ကပင် အန်တီ
လေးအားသဘောကျ၍ လာရောက်တောင်းရမ်း သူတွေမနည်းလှတာကျွန်တော်တို့မျက်မြင်ဖြစ်ပါ
သည်....
သို့သော်အန်တီလေးသည် ..ယောက်ျားများအားအတောင်းအရမ်းထူသူများ
ဟုထင်မှတ်သွားလေသလားမသိ ။အတင်းအကန်
ငြင်းဆန်ကာ အပျို ကြီးလုပ်မည်ဟုသာပြောခဲ့၏
ကြာတော့ ဖွားဖွားလည်းလက်လျှော့ကာ
ယောက်ျားယူဖို့အန်တီလေးကိုမဖြောင်းဖျ တော့...။
xအေး ဟေ ညည်းမယူလည်းကျု ပ်မပေးစား
တော့ပါဘူး xxငါက ညည်းအသက် ကြီးလာရင်
ကူညီ ထောက်မ မယ့်သူမရှိမှာစိုး လို့ပါxx
xဟင် မာမီ ကလည်း သမီးမှယောက်ျားမယူ
ချင် တာ xx ဒီမှာ သမီးအတွက် မမကြီးရဲ့
သားနဲ့သမီး ချစ်စရာ တူ ,တူမ လေးတွေရှိတာပဲ
ဟာxx
xဟဲ့ အဲ့ တူမတွေ တူထီးတွေက ကြီးလာရင်
သံရိုက် လို့မရဘူးဟဲ့ xx xသူ့အသိုက်သူတည်
ဆောက်ကြမှာ xxညည်းတော့ငါမြင်ယောင်သေး
ပါတယ် အေx x x
xအဲ့ဒါဆိုလည်း မာမီရယ် သီလရှင်ဝတ်လိုက်ရုံ
ပေါ့x x xယောကျာ်းတော့မယူပါရစေနဲ့နော်x x x
နော် မာမီနော် နော်x xx
ခုခေတ်အပျို ကြီးတွေနဲ့များ ကွာပါ့ ဟုစာဖတ်သူ
တွေးလေမည်လားမသိ ကျွန်တော့်အန်တီ လေး
ကတော့ ယောက်ျားယူဖို့ဤမျှထိငြ င်းဆန်ခဲ့သူ
ဖြစ် လေသည်.....
တကယ်ဆို......
ဖွားဖွားနှင့် မေမေဆုံးပါးသွားပြီးသည့်နောက်ပိုင်း ကျွန်တော့်တို့မောင်နှမနှစ်ယောက်အပေါ်တွင်အ
ရိပ်တကြည့်ကြည့်စောင့်ရှောက်ခဲ့သောအန်တီ
လေး၏ကျေးဇူးတွေ ကမနည်းလှပါ
မေမေနှင့်ဖေဖေ မှာ ညီမလေးလသားအရွယ်က
ပင်ကွာရှင်းပြတ်စဲပြီးဖြစ်၍ဖေဖေ့သတင်းအစအနပင်မကြားခဲ့ရမေမေဆုံးပါးသွားမှန်းပင်ဖေဖေသိမည်မ
ထင်ပါ်
သည်လို မိဘမဲ့မောင်နှမမို့လည်း ကျွန်တော့်တို့ကိုငဲ့ကာ အန်တီလေး အိမ်ထောင်မပြု ခဲ့ခြင်းဖြစ်လိမ့်မည်ယခုတော့ကျွန်တော်တို့မောင်နှမ
နှစ်ယောက်မှာလည်း အန်တီလေး၏ ပြု စု ယုယ
မှုအောက်တွင် လူလားမြောက်ကြီးပြင်းခဲ့ပြီဖြစ်
လေသည်.....
xxအန်တီ လေးက အခုချိန်ထိ ဘာလို့အိမ်
ထောင်မပြု တာလဲ x ဟင်xx
အကြောင်းသိလျှက်နှင့်ပင်အငယ်မက ရုပ်ရှင်
ကြည့်နေသောအန်တီလေးကိုသွားမေးပြန်သည်
xxယောက်ျားတွေကိုအထင်မကြီးလို့ဟေ့
အထင်ကိုမကြီးလို့xxxသိပြီလားx x x x
ဒေါကြီးမောကြီးပြန်ဖြေကာ တီဗွီပိတ်ပြီး
အခန်းတွင်းသို့ဝင်သွားသောအန်တီလေးကို
ကြည့်ကာ အငယ်မကကြိတ်ရယ်သည်
ကျွန်တော်သက်ပြင်းချ မိ၏်
. + + + + +
(၂)
"အရမ်းမဆိုးနဲ့မောင်ရယ် "
"ဟာ မရဘူး ကွာ ချွတ်...."
"ဒီလောက် အရမ်းကြပ်နေတာဘယ်လို
လုပ်ဖြစ်မှာလဲ "
မောင်က သူ့လက်မှ လက်စွပ်ကိုချွတ်ခိုင်း
နေခြင်းဖြစ်သည်...လက်စွပ်ကကြပ်နေသဖြင့်
တော်တော် နှင့် ချွတ်မရ...။သူမချွေးများပင်ပြန်
လာမိသည်..
"ဘာလုပ်မလို့လဲမောင်ရယ် သူ့ဟာသူဒီ
အတိုင်းရှိနေတဲ့ဟာကို မောင့်လက်စွပ်ကို ဒီပြင်လက်ချောင်းမှာစွပ်လိုက်ပါလား "
"မရဘူးကွာ မောင်ပေးတဲ့ဒီစေ့စပ်လက်စွပ်
ကို လက်သူကြွယ်မှာစွပ်ရမယ်"
" အိမ်က လူတွေ တွေ့ရင်ကော "
"နိုင်ငံခြား ကသူငယ်ချင်းတစ်ယောက်လက်
ဆောင်ပေးတာလို့ပြောလိုက်ပေါ့.."
"ဘယ်ကလဲမေးမှာပေါဲ့.."
" ဘင်္ဂါလားဒေ့ရှ််ကသာပြောလိုက် ကွာ "
မောင်အရွဲ့တိုက်ဖြေပုံကိုကြည့်ကာ စောလှနွယ်
ရယ်မိသည်...
တစ်ခါတစ်လေမောင်က အရမ်းကလေးဆန်
လွန်းသည်
"အား... ဖြည်းဖြည်း လုပ်ပါ.."
"ဟား ဟား ရပြီ ကျွတ် သွား ပြီ ကွ..."
လက်စွပ်ကျွတ်သွားတော့စောလှနွယ် လက်ချောင်းကလေးများမှာ နီရဲကာကျန်ခဲ့သည်
"မောင်အခုစွပ်ပေးထားတဲ့ လက်စွပ်ကို မချွတ်
ရဘူးနော် နွယ်"
"ဟုတ်ကဲ့ပါရှင့် "
"ဒါမှ မောင့်ချစ်သူ "
မောင့်ကသူ့ကို ပွေ့ဖက်ရင်းမှအနမ်းတစ်ပွင့်
ကိုချွေသည် သူမက ရုန်းထွက်လိုက်ပြီး....
"မောင်း ...."
ခေါ်လိုစောများသွားသဖြင့် မောင်ကမောင်းဟု
အသံထွက်သွားသည်သို့သော်ထိုအရာကိုမောင်
သတိမထားမိဟန်မတူပါ
ဘာလဲဟုပြန်ထူးပြီး သူမကိုစိုက်ကြည့်သည်
"မောင့်ချစ်သူ သီချင်းဆိုပြ ..ပါလား."
သူမတောင်းဆိုမှုကို မောင်က အသာတကြည်
လိုက်လျောပါသည်.....
"သနပ်ခါးကို နေရာတကာလူး
ကတုံးလေးပါတုံး
အညာ ထန်းသီးလုံးလောက်ရှိပါတယ် "
" အာ...မောင် ဘာတွေဆိုမှန်းမသိဘူး..."
"ဟား ဟား ဟား "
လက်သီးဆုပ်လေးများနှင့်ကျောပြင်သို့
ညင်သာစွာအထုခံရသည့်အရသာအား ယောက်ျားတိုင်းနှစ်သက်ကြ လိမ့်မည်ထင်ပါသည်
xxတောက် !xxx
ဟိုတုန်းကစောလှနွယ်သည် ယခုစောလှ
နွယ်နှင့်ဘာကွာခြားသွားပါသနည်း
သိုသိပ်စွာကြိတ်ခံရသောစိတ်အနာတွေတစ်စစ
များလာတာပဲရှိသည်
မုန်းသည် ယောက်ျားတွေ ကိုသူမမုန်းသည်
မြတ်နိုးစွာနှစ်နှစ်ကာကာချစ်ခဲ့ရသောယောက်ျား
သည် သူမအပေါ် ရက်ရက်စက်စက် ပစ်ခွာသွား
ခဲ့၏
ပစ်ခွာသွားသည်ဆိုသော်လည်းဤမျက်နှာကို
နောက်တစ်ဖန် ထပ်မမြင်ရလျှင်တော်သေးသည် ယခုတော့ထိုသို့မဟုတ် မမကြီး၏ ရာသက်ပန် ယောက်ျားအဖြစ်နှင့် သူမနှလုံးသားကိုထာဝရနိုး
ဆွ သတ်ရန် ပြန်ရောက်လာခဲ့သည်
မိဘတွေစီစဉ်နေစဉ်ကပင်
သူမ နှင့်ချစ်သူတွေပါ ဟု ဖွင့်ပြောရန် စောလှ
နွယ်အကြိမ်ကြိမ်ကြိုးခဲ့၏ သို့သော် အာဏာ
ပြင်းလွန်းသောမာမီသူဇာကိုသူမမလွန်ဆန်နိုင်ခဲ့...။
ထို့အပြင် သူမထက်မသာတောင်မလျော့သော
ချစ်ခြင်းဖြင့် မောင့်အပေါ်ချစ်နေသောမမကြီး
စောမြနွယ်၏သံယောဇဉ်....။ အရာအားလုံးသည်
သူ့ရင်ကိုနင်းချေ ဖျက် ဆီး ရန် အစီစဉ်တကျ ဖြစ်ပေါ်လာခဲ့သည့်ကံတရားများပင်လား.။သူစဉ်း
စားမရနိုင်ခဲ့..။
နှစ်ဦးသားစွန့်စားကာဘဝတစ်ခု ထူထောင်ရန်
မောင့်ကိုသူတိုင်ပင်ခဲ့ဖူးသည် ...ခေါင်းခါငြင်းဆန်ပြီး မိုက်ရူးရဲမဆန်ဖို့ နှစ်သိမ့်ခဲ့သူမှာ သူမအားချစ်လှပါသည်ဆိုသော
မောင်ပင်ဖြစ်သည်....။ ဤသို့ဖြင့်ယောက်ျားများ
အားယနေ့ထက်တိုင်စောလှနွယ်စိတ်နာခဲ့သည်
သစ္စာမရှိ သတ္တိမရှိ သူရဲဘောကြောင်
သော ယောက်ျား နင့်ကိုငါမုန်းတယ်
နင့်ကိုငါမုန်းတယ် " မုန်းခက်မာန် "
x xxx နင့်ကိုငါမုန်းတယ် မုန်းခက်မာန်xx
xxဟင်xx
+ + + + +
(၃)
ဖေဖေ့နံမည်ကိုရွတ်ကာ မုန်းတယ် တတွတ်
တွတ်အော်နေသောအန်တီလေးကို သူအံ့သြစွာ
ကြည့်နေမိသည် ...
အန်တီလေး၏ မျက်နှာသည် မျက်ရည်တို့
စွတ်စိုလျှက် ရှိ၏ သူ့ဘဝတစ်သက်တာတွင်
အန်တီလေးမျက်ရည် ပေါက်ကြီးငယ် ကျဖူးသည်
ကိုမမြင်ဖူးပါ မှတ်မှတ်ရ ရ မေမေ သေဆုံးစဉ်
ကပင် အန်တီလေးသည် မျက်ရည်ဝေ့သီရုံသာ
ဝေ့ခဲ့ ၏ ယခုလိုမျက်ရည်စီးကြောင်းပေါ်အောင်
မငိုခဲ့....
xx xxxအန်တီလေး ဘာလို့ငိုနေတာလဲဟင်x
ပြီးတော့ ဖေဖေ နံမည်ကိုလည်းခေါ် နေတယ်xx
xxသြော် ဘာ ဘာမှမဟုတ်ပါဘူး သားရဲ့
မင်းတို့အဖေ မင်းတို့အပေါ်ပစ်သွားတာကို
အန်တီလေး စိတ်မကောင်းလို့ပါ..x x x
ပါးမှ မျက်ရည်တို့ကိုသုတ်ကာအလျင်အမြန်
အိနြေ္ဒ ဆည်လိုက်ရသော်လည်း အန်တီလေး
အမူအရာသည်အနည်းငယ်ပျာယာခတ်လျှက်ရှိလေသည်...
xxxအန်တီလေးဘာဖြစ်နေတာလဲxxx
xxxဘာမှမဖြစ်ပါဘူးကွယ်xxxဘာမှမဖြစ်ပါ
ဘူးဆိုxxx သားညီမလေးရောxx
xxကျူ ရှင်သွားတယ်လေxxx
xxဟုတ်သားပဲ ဒီနေ့တနင်္ဂနွေနေ့ အန်တီလေး
မေ့နေလိုက်တာ အဟင်းဟင်းxxxသူ့ကိုလိုက်
မပို့လို့စိတ်ဆိုးသွားပြီလားမသိဘူးxxx
xxxမဆိုးပါဘူး xxသူစလိုက် လို့အန်တီ
လေးစိတ်ဆိုးသွားတယ် တောင်ထင်နေတာxx
အဲ့ဒါသားက အန်တီလေးကိုလာကြည့်တာxxx
အန်တီလေးကငိုနေတော့ xxx
xxxမဟုတ်ပါဘူး xxကဲ လာ လာ xxသားသား
ထမင်းစားပြီးပြီလားx
xxဟင့်အင့် ညီမလေးပဲစားသွားတယ်
သားက xxအန်တီလေးကိုစောင့်နေတာxx
xxကဲ ဒါဆို ထမင်းစားခန်းဆီသွားမယ် xxx
+ + + + +
( ၄)
"ကလင် ကလင် "
" သားရေ အိမ်ရှေ့ မှာ ဧည့်သည်ရောက်
နေတယ်ထင်တယ် ဘယ်သူလဲသွားကြည့်လိုက်ပါ
ဦး"
"ဟုတ်အန်တီလေး.."
ကျွန်တော်အပြေးအလွှားသွား ကာ ခြံတံခါးအနားးကပ်ကြည့် မိသည် ယောက်ျားတစ်ယောက်
"ဘယ်သူနဲ့တွေ့ချင်လို့လဲဦး"
"ဖေဖေ့ကိုတောင်မမှတ်မိတော့ဘူးလားသား
ရယ်.."
" ဟင် ဖေ ဖေ......"
ကမ္ဘာမြေသည် ပန်းပေါင်းစုံ ရုတ်တရက်ပွင့်ဖူး
သွားသလို မေတ္တာရနံ့ကိုရမိသည် တောင့်တနေ
ခဲ့သောတေးသံ.....
"ဖေဖေ "
"သား...."
ကျွန်တော်ခြံတံခါးကိုအလျင်အမြန်တွန်းဖွင့်ကာ
ခြံပြင်ပသို့ထွက်လိုက်သည် အဖေ့ပုံစံသည်
မုတ်ဆိတ်မွှေး နူတ်ခမ်းမွှေး ပါးသိုင်း မွှေးများ
ရှည်လျားစွာညင်းသိုးသိုးဟန်ပေါက် နေသော်လည်း စေ့ထားသောနူတ်ခမ်းများသည်
တည်ကြည်ခံ့ညားနေပါ၏
"သတိရလိုက်တာသားတို့ရယ်.."
မိဘရင်ခွင်သည် အေးမြချို မြိန်ဆဲပါလား
ကျွန်တော့်အားပွေ့ဖက် ထားသောအဖေ့လက်တွေ
သည် တင်းကျပ်လွန်းလှလေသည်....
"အခုချက်ချင်း ဒီကိုလာစမ်း ကောင်းခက်ထန်"
"အန်တီလေး....."
"သြော် ဧည့်သည်ဆိုလို့ဘယ်သူများလဲမှတ်
နေတာ လတ်စသတ်တော့ ဖခင်မပီသတဲ့
သူရဲဘောကြောင် ပါလား"
".........."
"ရှင်ဒီကိုဘာရည်ရွယ်ချက်နဲ့ပြန်လာတာလဲ
ကိုမုန်းခက်မာန်"
"ငါ့သားသမီးတွေ ကိုသတိရလို့ငါလာတွေ့တာပါ"
"အဟက်ဟက် ဘာလဲ ဒီအရွယ်ဆိုရင်တော့
ခိုင်းစားလို့ရလောက်ပါပြီ ဆိုပြီးလာတာလား
ကျွန်မ က ရှင့်ကိုယောက်ျားပိုင်းလုံးပဲထင်နေတာ
ရှင်က ဖခင်စိတ်မရှိတဲ့ အတ္တ ဘီလူးပါလား"
အန်တီလေး၏ရင့်သီးတင်းမာသော
စကားလုံးများကိုကျွန်တော်အံ့သြနေမိသည်
စိတ်ဆိုး၍ပင် တစ်ခါမျှ မဆဲဆိုဖူးသောအန်တီလေး
မည်မျှ စနောက်သည်သည်ဖြစ်စေ အပြုံးမပျက်
ခဲ့သောအန်တီလေးကျွန်တော်တို့အပေါ်အင်မ
တန်သည်းခံခဲ့သောအန်တီ လေးသည် ယခုတော့ ဒေါသဖြင့်မျက်နှာပြင်တစ်ခုလုံးနီမြန်းလျှက်ရှိ၏
အန်တီလေးဘာကြောင့် သည်လောက်ဒေါသ
ထွက်သည်ကိုကျွန်တော်တွေးတောမရ ...မနေ့က
လည်းအဖေ့နံမည် ကိုရေရွတ်ကာမုန်းတီးကြောင်း
ပြောဆိုနေခဲ့သည်...
"မင်းစကားကိုဆင်ဆင်ခြင်ခြင်ပြောပါစောလှ
နွယ် မင်းနဲ့ငါဟာ ခယ်မနဲ့ ခဲအို ပဲတော်စပ်တာပါ
ငါကဒီကလေးတွေရဲ့ အဖေ ရင်းပါ မင်းဒီလောက်
တော့နားလည်ပေးသင့်တယ်"
ဖြည်းညှင်းစွာ တစ်လုံးချင်းပြောလိုက်သော
အဖေ့အသံသည် လှိုက်ခါတုန်ရီနေလေ
သည်
အန်တီလေးကကျွန်တော့်လက်ကို တင်းကျပ်
စွာဆုပ်ကိုင်ထားရင်းမှ...
"နားမလည်ပေးနိုင်ဘူး
နားမလည်ပေးနိုင်ဘူး
ဒီမှာကိုခက်မာန် ရှင့်ကြောင့်ကျမ အစ်မလည်းသေ ခဲ့ရပြီးပြီအခုကျွန်မကိုပါထပ်သတ်ချင်နေတာလား"
"ဘာ စောမြနွယ်ဆုံးပြီ ဟုတ်လား"
ဝေ့သီလာသောမျက်ရည်များကိုအဖေ
မမြင်အောင်တစ်ဖက်သို့လွှဲဖယ်သုတ်လိုက်ရသူမှာ
ကျွန်တော်ဖြစ်ပါသည်
"ဟုတ်တယ် အစ်မဆုံးပြီ....
ကျွန်မအစ်မကိုရှင်သတ် တာ
မမကြီးမှာ နှလုံးရောဂါရှိနေပြီမှန်းသိရက်နဲ့
ရှင် ထွက်ခွာသွားခဲ့တာ.."
"ငါ့မိန်းမသေတာဘာကြောင့် ငါ့ကိုအကြောင်း
မကြားခဲ့သလဲ... "
"ဟားးးး လိုအပ် လို့လား ရှင်နဲ့ မမကြီးနဲ့က
တရားဝင်ကွာရှင်းပြီးပြီပဲ ရှင်နောက်ထောင်ထူ
ထောင်ချင်လို့ကွာတာ ကို ကျွန်မတို့က လိုက်
ဖမ်းဆွဲ နေရဦးမှာလား"
"မင်းပါးစပ် ပိတ်ထားစမ်းပါစောလှနွယ် ငါ့ကို
ထပ်မစော်ကားနဲ့ ငါက မင်းအစ်မရဲ့ ဆန္ဒအတိုင်း
လုပ်ပေးခဲ့ရတာ သူကိုယ်တိုင်က ငါ့ကို ကွာ
ရှင်းရမှ စိတ်ချမ်းသာမယ်ဆိုလို့ ငါလက်မှတ်ထိုး
ပေးခဲ့ရတာ...နောက်ပြီး ငါ က မျက်နှာမွဲ ပန်းချီ
ဆရာတစ်ယောက်ပါ ပိုက်ဆံ တွေမရှိရင်နေပါ
စေ ငါ့အနုပညာကိုစော်ကားတာလုံးဝမခံနိုင်ဘူး"
"အဲ့ဒီ ထမင်းစားမဝတဲ့ အလေအလွင့်အလုပ်
တွေ ထက် ရှင့်ဘယ်အရာကိုအလေးထားခဲ့
လို့လဲ...."
"မင်း..."
အဖေလက်သည်ရုတ်တရက်မြှောက်တက်လာ
ခဲ့သည် ဒေါသကြောင့်တဆတ်ဆတ် တုန်ခါနေ
သောနူတ်ခမ်းများသည် တစ်ခုခုကို ပြောဖို့ခက်
ခဲနေသလိုလို.....
"တောက် !"
မကျေ နပ်မှု၏အဆုံးမှာ ချာခနဲလှည့်ထွက်
သောအဖေ့၏ ကျောပြင်သည် သူ့ရင်ကိုနာကျင်
စေပါသည်
"ဖေဖေ......."
"မခေါ်နဲ့ တိတ်စမ်း"
"အန်တီလေး ဖေဖေ့ကိုပြန်ခေါ်ပေးပါ"
"ကောင်းခက်ထန်"
"ကိုကြီး....."
"ညီမလေး "
ညီမလေးသဇင်မြို င်က မျက်ရည်များစိုရွှဲ နေ
သောကျွန်တော့်ကိုနားမလည်စွာ ကြည့်နေသည်
ဘယ်အချိန်ကတည်းကကျွန်တော်တို့နောက်တွင်
ရောက်နေခဲ့သည်မသိ ...
"ကိုကြီ....ခုနကလူကြီး ကဘယ်သူလဲဟင်"
"အဲ့ဒါ......."
အန်တီလေး ကကျွန်တော့်ပါးစပ်ကိုလှမ်းပိတ်
ဆီးကာသည်
"ဘာမှ မဟုတ်ပါဘူး သမီးလေးရဲ့
ထမင်းဖိုး ဟင်းဖိုးလာတောင်းတဲ့ လူကြီးပါကွယ်"
"ဟင် သနားစရာ အန်တီလေးကလည်း
အဲ့လိုမှန်းသိရင် သမီးစားမယ့်ထမင်းတွေခေါ်ကျွေး
လိုက်ပါတယ်
ပကတိရိုးသားစွာဖွင့်ဟပြောလိုက်သောသဇင်
မြို င်၏စကားသည်စောလှနွယ်လုံးသားကိုစူးရှနာ
ကျင်စေလေသည်
ခွင့်လွှတ်ပါ ကိုမုန်းခက်မာန်...
ကျွန်မကိုခွင့်လွှတ်ပါ
ကျွန်မဘဝ မှာ အချစ်ဦးကိုလည်းဆုံးရှုံးခဲ့ရပြီး
ပြီ...အချစ်ဆုံးမမကိုလည်း ဆုံးရှုံးခဲ့ရပြီးပါပြီ
အခုတစ်ခါ ကျွန်မရဲ့ နှလုံးသားတွေကိုပါ
ရှင့် ကိုမပေးဆပ်နိုင်တော့ဘူး
ကလေးတွေရဲ့ဘဝကို အကောင်းဆုံးဖြစ်ဖို့
တာဝန်ယူပါတယ် ကျွန်မ ကိုခွင့်လွှတ်ပါကိုမုန်း
ခက်မာန်.....
တူလေး တို့ တူမလေးတို့လည်း အန်တီလေးကို
ခွင့်လွှတ်ကြပါကွယ်
+ + + +
(၅)
ခွင့်လွှတ်ခြင်းဆိုတာ
ချစ်ခြင်းတစ်မျိုးပါမောင်......
မောင့်ကိုသတိရခြင်းတွေဟာလည်း
မြတ်နိုးမှုကပေါက်ဖွားလာတဲ့
နှလုံးသားအက္ခရာဗိသုကာ
ဒါကျ မရဲ့ အနုပညာ....ပဲပေါ့
ကဗျာ ကဗျာ ကဗျာ
ရေဆာသလို အခါခါတမ်းတတယ်
အဲ့ဒီကဗျာ ရဲ့ယိမ်းနွဲ့မှုမှာ
မောင့်ခေါ်သံကိုကျ မ ကြားတယ်
မောင့်အကြောင်းတွေတွေးမိအခါ်
လက်ဖဝါးပြင်တစ်ခုလုံးနွေးနေတတ်တာ
ကောင်းကင်ရဲ့မျက်နှာကျက်ကိုငေးနေရသလိုမျိုး
အဲ့ဒီအတွေးတွေဟာ
ကျမကိုရီဝေယစ်မူးစေပါတယ်....
ငှက်မောင်ံနှံအတူပုံရိပ်
ပန်းဖူးအညွှန့်ကလေးကို
လူးလွန့်ရန်ကလူကျီစယ်တဲ့ လိပ်ပြာ
တကယ်ဆို ကျမဟာ
နိမိတ်တွေနဲ့သေဆုံးခဲ့သူသာ...
..............
...............
ခွင့်လွှတ်မှုဆိုတာ...
(၆)
စာဖတ်သူ ,သူငယ်ချင်းမိတ်ဆွေများ
ခေတ္တသည်းခံပါခင်များ......
ပြီးပြီဟုထင်သော်လည်း
ဝတ္ထုကသည်တွင်မပြီးဆုံးသေးပါ
ဤကဗျာအောက်တွင်ပြောစရာ
တစ်ခုကျန်နေပါသေးသည်...
မုန်းခက်မာန်သည် ပန်းချီဆရာတစ်ဦးဟု
ကျွန်တော်ဖော်ပြခဲ့ပါသည် ထူးခြားမှုမှာ သူ့ဘဝတွင် ရှားရှားပါးပါးပုံတူပန်းချီကားတစ်ခု သာ ဆွဲခဲ့ဖူးသည်ဟုသိရသည်
ထိုပုံတူပန်းချီကားသည် ဤဝတ္ထု ၏သော့ချက်
ဗဟိုလည်းဖြစ်ပါသည်
ဖြစ်နိုင်လျှင်စာဖတ်သူများအားကျွန်တော်
အကူအညီတစ်ခုတောင်းလိုပါသည်
မုန်းခက်မာန်ရေးဆွဲခဲ့သောပုံတူပန်းချီကားမှာ
မည်သူ့ပုံ ဖြစ်နိုင်ပါသလဲခင်မျာ....
((ခေဝံ့ခေ))
ကြိုးစားပါဦးမည်
No comments:
Post a Comment